လူနှင့်မူးယစ် ကုန်ကူးမှု အယောက် ၁၀၀၀ ကျော်ကို ဖမ်းဆီး

ဥရောပရဲတွေက စက်တင်ဘာလထဲမှာ ဥရောပတတိုက်လုံးနဲ့ချီပြီး ကျယ်ပြန်တဲ့ လူနဲ့မူးယစ်ဆေး ကုန်ကူးမှုတွေအပါအဝင် အုပ်စုဖွဲ့ရာဇဝတ်မှုတွေကို နှိမ်နင်းရေးအတွင်း လူအယောက် ၁၀၀၀ ကျော်ကို ဖမ်းခဲ့တယ်လို့ ဥပဒေအာဏာတည်စေရေး အရာရှိတွေက စက်တင်ဘာ ၂၄ ရက်နေ့က ပြောပါတယ်။ EUဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံ နဲ့ အဖွဲ့ဝင်မဟုတ်တဲ့ ၆ နိုင်ငံက ထောင်နဲ့ချီတဲ့ ရဲတွေက မြို့တွေ၊ လေဆိပ်တွေနဲ့ ဆိပ်ကမ်းတွေမှာ စစ်ဆင်ရေးလုပ်ခဲ့တာပါ။ လူကုန်ကူးခံသူ အယောက် ၂၀၀ နဲ့ ရိုမေးနီးယား ကလေးငယ် အယောက် ၃၀ ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ထဲက တချို့ဟာ ပြည့်တန်ဆာလုပ်ငန်းတွေနဲ့ သူတောင်းစားဂိုဏ်းတွေထဲမှာ အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်လို့ ဥရောပ ရဲအဖွဲ့က ပြောပါတယ်။ ဒါဟာ ဥရောပမှာ တွေ့ဖူးသမျှ တကြိမ်တည်းမှာ အကြီးဆုံး စစ်ဆင်ရေးလို့ ဥရောပရဲ တပ်ဖွဲ့ ယူရိုပိုရဲ့ ခေါင်းဆောင် ရော့ဘ် ဝိန်းရိုက်တ်က ပြောပါတယ်။ မူးယစ်ဆေးတွေကို ကုန်ထုပ်တွေ နဲ့ ထည့်ပြီး စာတိုက်ကနေ ပို့တာတွေ အပါအဝင် ဥရောပကို မူးယစ်ကုန်ကူးမှု လမ်းကြောင်းသစ်တွေကို ဖော်ထုတ်စုံစမ်းဖို့ အမေရိကန်နဲ့ ကိုလံဘီယာ အာဏာပိုင်တွေကလည်း ကူညီနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up