DVB Logo
Home
မြန်မာသတင်း
ဧရာဝတီဘဏ်ရုံးချုပ်တွင် ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းပြားတပ်ဆင်
DVB
·
September 26, 2014
ဧရာဝတီဘဏ်ရုံးချုပ်တွင် ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းပြားတပ်ဆင်
1 / 2
Donate to DVB

ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ်က ဧရာဝတီဘဏ်ရုံးချုပ်မှာ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် ဖော်ပြတဲ့ အပြာရောင်ကမ္ပည်းပြားကို မနေ့က တပ်ဆင်ခဲ့ပါတယ်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တပ်ဆင်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့တော်ခန်းမမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လက တပ်ဆင်ခဲ့ပါတယ်။

[caption id="attachment_66094" align="alignleft" width="300"]ဓာတ်ပုံ-YHT ဓာတ်ပုံ-YHT[/caption]

“ကမ္ပည်းပြား တပ်ဆင်တယ်ဆိုတာ ဒီအဆောက်အအုံနဲ့ သူရဲ့ ဗိသုကာလက်ရာက မြန်မာ့သမိုင်းနဲ့ မျိုးဆက်အဆင့်ဆင့်ရဲ့ လူမှုဘ၀တွေမှာ ဘယ်လောက်ထင်ရှားခဲ့တယ်ဆိုတာကို အသိအမှတ် ပြုခြင်းပဲ ဖြစ်ပါတယ်” လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။

ကမ္ပည်းပြား တပ်ဆင်ခဲ့တဲ့ အဆောက်အအုံကို ၁၉၁၀ ပြည့်နှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး ၁၉၆၀ ကျော်ကာလတွေအထိ ရိုးတိုက် (ရိုးကုန်တိုက်) အဖြစ် နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။

ရိုးတိုက်ဟာ သူ့ခေတ်အခါက ဓာတ်လှေကားတွေ၊ မျက်နှာကြက်ပန်ကာတွေနဲ့ မြေအောက်ခန်းကို အစောဆုံး ထည့်သွင်းတည်ဆောက်ခဲ့တဲ့ အာရှမှာ ရေပန်းစားတဲ့ ကုန်တိုက်တခု ဖြစ်ပါတယ်။

၁၉၆၄ ခုနှစ် ဧပြီမှာတော့ ရိုးတိုက်ဟာ မြန်မာနိုင်ငံတ၀န်းက ဆိုင်ခွဲ့ပေါင်း ၃၈ ဆိုင်နဲ့ အတူ ပြည်သူပိုင် အသိမ်းခံခဲ့ရပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ လုပ်သားကောလိပ်ရဲ့ စာကြည့်တိုက်အဖြစ် အသုံးပြုခဲ့ပြီး၂၀၀၅ ခုနှစ်အထိ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ရုံးချုပ်အဖြစ် အသုံးပြုခဲ့ပါသေးတယ်။

အခုလို ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်ဖို့အတွက် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ တော်ဝင် ဖီးလစ်(Royal Philips) ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-YHT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013