မြန်မာလူငယ်ဘောလုံးသမားများကို ချယ်ဆီးအသင်းက စခန်းသွင်းလေ့ကျင့်ပေးမည်

imagesအင်္ဂလိပ် ပရီးမီးယားလိဂ်မှ ထိပ်သီးအသင်းတသင်းဖြစ်တဲ့ ချယ်လ်ဆီး ဘောလုံးအသင်းရဲ့ အာရှပစိဖိတ်ဒေသ ညွှန်ကြားရေးမှူးနဲ့ ၀ါရင့်နည်းပြ ၂ ဦးတို့ဟာ ဒီကနေ့ စက်တင်ဘာ ၂၆ ရက် မနက် ၉ နာရီမှာ ရန်ကုန်မြို့ကိုရောက်ရှိမှာ ဖြစ်ပါတယ်။ သူတို့ဟာ ရန်ကုန်မှာ ၃ ရက်ကြာ နေထိုင်ပြီး ဘောလုံးဝါသနာရှင်လူငယ်တွေအတွက် စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲဒီစခန်းကို သုဝဏ္ဏမြက်ခင်းတုကွင်းမှာ စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက် မနက် ၉ နာရီက ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

More News
Up