အိုင်အက်စ်အဖွဲ့၏ ကုန်လှောင်ရုံများကို ပြင်သစ်တိုက်လေယာဉ် ဗုံးကြဲတိုက်ခိုက်

ပြင်သစ်တိုက်လေယာဉ် ၂ စီးဟာ အီရတ်နိုင်ငံ ဖာလူဂျာမြို့နားက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ကုန်လှောင်ရုံလေးခုကို စက်တင်ဘာလ ၂၅ ရက်နေ့က ဗုံးကြဲခဲ့တယ်လို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။ အီရတ်စံတော်ချိန် ည ၁၀ နာရီမတိုင်မီ မြို့တော် ဘဂ္ဂဒက် အနောက်ဘက်က ပစ်မှတ်တွေကို ခွဲခြားသတ်မှတ်ခဲ့ပြီး ရာဖယ်လ်တိုက်လေယာဉ်တွေက လေဆာနဲ့ ပဲ့ထိန်းတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ် ဖျက်ဆီးခဲ့တာပါ။ ကုန်လှောင်ရုံတွေထဲမှာ အိုင်အဲ့စ်တွေရဲ့ စစ်လက်နက်ပစည်းတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြင်သစ်ဟာ အိုင်အက်စ်တွေအပေါ် စစ်ရေးအရေးယူမှုကို အမေရိကန်နဲ့ ပထမဆုံးပူးပေါင်းသူဖြစ်ပြီး ခုပစ်ခတ်မှုက ပထမဆုံး ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။ အိုင်အက်စ်တွေဟာ ခုတော့ အီရတ်နိုင်ငံရဲ့ ၃ ပုံ ၁ ပုံနဲ့ ဆီးရီးယားတလွှား ကျယ်ပြန့်တဲ့နယ်မြေတွေကို သိမ်းပိုက်ထားပါတယ်။

More News
Up