DVB Logo
Home
မြန်မာသတင်း
အန်စီစီတီတင်ပြချက် တပ်မတော်ဘက်က သဘောမတူမှုများဟု ခွန်ဥက္ကာပြော
DVB
·
September 25, 2014
အန်စီစီတီတင်ပြချက် တပ်မတော်ဘက်က သဘောမတူမှုများဟု ခွန်ဥက္ကာပြော
Donate to DVB

ရန်ကုန်မှာပြုလုပ်နေတဲ့ အပစ်ရပ်ရေးအတွက် ဆွေးနွေးပွဲမှာ အန်စီစီတီ ဘက်က တင်ပြချက်တွေကို တပ်မတော်ဘက်က သဘောမတူမှုများတယ်လို့ အန်စီစီတီအဖွဲ့ဝင် ခွန်ဥက္ကာက ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ နိုင်ဟံသာဦးဆောင်တဲ့ တပြည်လုံးအပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် စက်တင်ဘာ ၂၂ ရက်နေ့ကတည်းက စတင်ဆွေးနွေးနေပြီး ဒီကနေ့ဆွေးနွေးပွဲ ၄ ရက်မြောက်အပြီးမှာ အခုလိုပြောကြားလိုက်တာပါ။

d7အရင်ဆွေးနွေးပွဲတွေမှာ သဘောတူထားချက်တွေ ကို အခုဆွေးနွေးပွဲမှာ အစိုးရဘက်က ပြန် လည်ပြင်ဆင်ခြင် တဲ့အတွက် အချိန်ယူဆွေးနွေးနေရ တယ်လို့ အန်စီစီတီ အဖွဲ့ဝင် ခွန်ဥက္ကာက ဒီဗွီဘီကိုပြောပါတယ်။

ဒီတကြိမ် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ တပ်ပိုင်းဆိုင်ရာကိစ္စ၊ Road Map ကိစ္စ၊ ကြားကာလနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အဖွဲ့ဘယ်နှဖွဲ့ တက်မလဲ စတဲ့ ကိစ္စတွေမှာ သဘောမတူမှုဖြစ်ပေါ်နေတာပါ။

ခွန်ဥက္ကာကတော့ နိုင်ငံရေးလမ်ပြမြေပုံမှာ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့တခု ဖွဲ့စည်းခြင်းလို ညှိနိုင်းမရတဲ့အချက်တွေကို လာမယ့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာသာ ထည့်သွင်းပြီး ပြန်လည်ဆွေးနွေးဖို့ ဒီကနေ့ အကြိမ်းဖျင်း သဘောတူထားတယ်လို့ ပြောပါတယ်။

အခုဆွေးနွေးပွဲကို မနက်ဖြန်နောက်ဆုံးထားပြီး ဆွေးနွေးကြမှာဖြစ်ပြီး အစိုးရဘက်က သတင်းစာရှင်းလင်းပွဲ မလုပ်ရင် အန်စီစီတီ ဘက်က ပြုလုပ်မယ်လို့ ခွန်ဥက္ကာက ပြောကြားပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရကိုယ်စားလှယ်တွေကိုရော၊ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေကပါ မီဒီယာကို တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသလို မေးမြန်းရာမှာ ဖြေကြားဖို့ ငြင်းဆန်မူတွေရှိနေပါတယ်။

အစိုးရဘက်က အောက်တိုဘာမှာ အပစ်ရပ်လက်မှတ်ထိုးပြီး ၂၀၁၅ ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ချင်တယ်လို့ ထုတ်ပြောထားပေမယ့်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ အောက်တိုဘာမှာ အပစ်ရပ်လက်မှတ်ထိုးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုမူတွေ ရှိနေပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013