DVB Logo
Home
မြန်မာသတင်း
သူရရွှေမန်းကို ထောက်ခံမည်ဆိုသည့် ဒီချုပ်သတင်း ရိုက်တာ ပြင်ဆင်ချက်အချို့ ပြန်လုပ်
DVB
·
September 25, 2014
သူရရွှေမန်းကို ထောက်ခံမည်ဆိုသည့် ဒီချုပ်သတင်း ရိုက်တာ ပြင်ဆင်ချက်အချို့ ပြန်လုပ်
Donate to DVB

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် တားမြစ်ခံရရင် အန်အယ်လ်ဒီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကို သမ္မတ နေရာအတွက် ထောက်ခံမယ်ဆိုတဲ့ ရိုက်တာ သတင်းဌာနရဲ့ ရေးသားထားတဲ့ သတင်းကို ပြန်လည် ပြောင်းလဲ ရေးသားလိုက်ပါတယ်။

[caption id="attachment_37150" align="alignleft" width="300"]သူရ ဦးရွှေမန်း သူရ ဦးရွှေမန်း[/caption]

စက်တင်ဘာလ ၂၃ ရက်နေ့စွဲနဲ့ ရိုက်တာ သတင်းဌာနရဲ့ မြန် မာနိုင်ငံ ဆိုင်ရာ ဗျူရိုအကြီးအကဲ Mr. Paul Mooney ရေးသားတဲ့ သတင်းမှာ အဓိပ္ပာယ်လွဲ မှားဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ကိုးကားဖော်ပြခံရသူ တဦးဖြစ်တဲ့ အဖွဲ့ချုပ်ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ပြန်လည်ဖြေရှင်းပေးဖို့ စာရေးသား တောင်းဆိုခဲ့ပြီးမှာ ပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်။

သတင်းမှာ ဦးဟံသာမြင့်က ပါတီမှာ တရားဝင်ရွေးချယ်ထားတဲ့ ဒုတိယ ခေါင်းဆောင် မရှိတဲ့ ပြောဆိုချက်ကို အန်အယ်လ်ဒီ ကိုယ်စားလှယ်မဟုတ်ပေမယ့် မူဝါဒခြင်းတူတဲ့ ပါတီ အပြင်က တခြားတယောက်ကို ထောက်ခံတာ၊ လွှတ်တော်ပြင်ပက အန်အယ်လ်ဒီ ပါတီဝင်တဦးကို ဒုသမ္မတအဖြစ် အဆိုပြုတာတွေ လုပ်သွားမယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပြင်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဦးရွှေမန်းကို သမ္မတအဖြစ် ပါတီက ထောက်ခံနိုင်ဖွယ်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပါတီရဲ့ ဗဟိုအဖွဲ့ဝင်တဦးက ပြောဆိုခဲ့တယ်ဆိုတဲ့ စာသားကိုတော့ ဆက်လက်ထားရှိပါတယ်။

ဒီဗွီဘီမေးမြန်းချက်ကို ရိုက်တာ ပြောခွင့်ရက ပြန်လည်ဖြေကြားတဲ့ စာမှာတော့ သတင်းမှာ အန်အယ်လ်ဒီက ဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံနိုင်ဖွယ် ရှိတယ်လို့ ပြောဆိုတဲ့သူနဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေတာကို ဖယ်ထုတ်ပြီး သတင်းကို ပြန်ရေးထားတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ၀ါရင့်သတင်းစာဆရာကြီး ဖိုးသောကြာက “အဘထင်တာက ကိုဟံသာမြင့်က တကယ်ပြောတယ်။ ဒါပေမယ့် ကိုဟံသာမြင့်မပြောဘဲနဲ့ သူတို့ ကောက်ယူခြင်တဲ့ အဓိပ္ပာယ်မျိုး ယူပြီး ဖော်ပြလိုက်ရင်တော့ ရိုက်တာက တောင်းပန်ရမှာပဲ။ ကိုဟံသာမြင့်ကို တောင်းကိုတောင်းပန်ရမယ်။ အကယ်၍ ကိုဟံသာမြင့်က တကယ်ပြောပြီးမှ သူ့ဟာသူ ပါတီရဲ့ ပေါ်လစီနဲ့ သွားပြီးငြိလို့၊ ပါတီက ဝေဖန်လို့၊ ဟာ ခင်ဗျား ဘာလို့ အဲလိုပြောတာလဲ ဘာညာဆိုပြီး ဝေဖန်လို့များ ကိုဟံသာမြင့်က ပြန်ပြင်ပြောတယ်ဆိုရင်တော့ ရိုက်တာက ကိုဟံသာမြင့်ကို တောင်းပန်စရာ မလိုဘူးပေါ့။ ”

ဦးရွှေမန်းကိုထောက်ခံမယ်ဆိုတဲ့ ရိုက်တာ သတင်းထွက်လာပြီးတဲ့နောက် လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အန်အယ်လ်ဒီကို တိုက်ခိုက်ဝေဖန်မှုတွေ ရှိခဲ့သလို အန်အယ်လ်ဒီ မူဝါဒနဲ့ ပတ်သက်ပြီးေ၀၀ါးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရိုက်တာအနေနဲ့ ရေးသားချက်ကိုသာ ပြင်ဆင်ပေးခဲ့ပေမယ့် သတင်းကြောင့် ဖြစ်ပွားခဲ့တဲ့ အကျိုးသက်ရောက်မှုကိုတော့ တောင်းပန်ခဲ့ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013