DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် ဆန်တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဆန်ဈေးကျ
DVB
·
September 25, 2014
တရုတ်-မြန်မာနယ်စပ် ဆန်တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဆန်ဈေးကျ
Donate to DVB

စက်တင်ဘာ ၂၃ ရက်နေ့ကစပြီး မန္တလေးဘက်ကနေ မူဆယ်ဘက်ကို  ဆန်တင်ပို့မှု ရပ်ဆိုင်းလိုက်တာကြောင့် ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်ကြမ်း၊ ဆန်အလတ်စတွေ တအိတ်ကို ကျပ် ၁၀၀၀ ဈေးကျသွားခဲ့ပါတယ်။

rice1ဆန်ဈေးကျပေမယ့် ၀ယ်လိုအားနည်းနေတဲ့ အတွက် ဆန်ဈေးကွက် အရောင်းဝယ်အေးနေ တယ်လို့ ဆန်ကုန်စည်ဒိုင် အသင်းက ပြောပါတယ်။

ဆန်ကုန်စည်ဒိုင်အသင်း အတွင်းရေးမှူး ဦးမင်းထက်အောင်က “မန္တလေးကတော့ လုံးဝ တင်ပို့မှု မရှိတော့ဘူးပေါ့။ အဲဒီကျ ဘာဖြစ်လဲဆိုတော့ မန္တလေးမှာ သင်္ဘောနဲ့ ၀င်လာတဲ့ ဆန်တွေ ဆက်မတင်တော့ ရောင်းချင်တဲ့ လူများတယ်၊ ၀ယ်တဲ့သူ သိပ်မရှိဘူးပေါ့။ ကားနဲ့ လာတာတွေလည်း ဟိုဘက်ကို ကျွံသွားတဲ့ ဟာတွေ ဆက်ဆင်းပေမယ့် ဒီမှာပဲ ရှိတဲ့လူတွေ ဒီမှာရောင်းဖို့ ကြိုးစားနေကြတာပေါ့။ ဒီဘက်မှာ ၀ယ်လက်နည်းနည်း နည်းတာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဆန်တင်ပို့မူကို မူဆယ် တရုတ်နယ်စပ်ဘက်ကို အားထားတင်ပို့ရပေမယ့် တရုတ်ပြည်ယူနန်ဘက်မှာ ဆန်သစ်ပေါ်ချိန်ဖြစ်တာကြောင့် မြန်မာ့ဆန်ကို အ၀င်မခံဘဲ ဖြစ်နေတာပါ။

ဦးမင်းထက်အောင်က “စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းပိုင်းဆိုရင် မန္တလေးဈေးကွက်အနေအထားအရ တရုတ်ကိုပဲ ထွက်ပေါက်က သွားနေတော့ တရုတ်ကိုပဲ မူတည်ပြီး အရောင်းအ၀ယ်က တရုတ်ဈေးကွက်ပေါ်မှာ အများကြီးမှီခိုနေရတာပေါ့။ တောင်ငူတို့ဘာတို့မှာ အသစ်ပေါ်တော့မယ်။ တရုတ်လိုင်းကလည်း မကောင်းသေးဘူး၊ အသစ်လည်း ပေါ်တော့မယ်ဆို ဆန်ဈေးကတော့ ကျဖို့များတယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံဘက်က တရားမ၀င်ဝင်ရောက်လာတဲ့ ဆန်တွေကို အခါအားလျော်စွာ ဖမ်းဆီးပိတ်ဆို့တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံကို မြန်မာ့ဆန် တရားဝင်တင်ပို့နိုင်ဖို့ အရည်အသွေး စစ်ဆေးရေး သဘောတူစာချုပ်ကို မြန်မာနှင့် တရုတ် ၂ နိုင်ငံကြား အစိုးရပိုင်း သဘာတူစာချုပ်အဖြစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

တရားဝင် ဆန်တင်ပို့ဖို့ သဘောတူညီချက်ကိုတော့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုရဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013