ပီအာစနစ် အဆိုတင်သူကို ပုဇွန်တောင်ပြည်သူများ ကန့်ကွက် ဆန္ဒပြမည်
DVB
·
September 25, 2014
လွှတ်တော်မှာ အချိုးကျကိုယ်စားပြု (PR) စနစ် အဆိုတင်သွားခဲ့တဲ့ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကို ပြည်သူတွေ ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ကြမှာ ဖြစ်ပါတယ်။
ပုဇွန်တောင် မဲဆန္ဒရှင် ပြည်သူတွေက လာမယ့် စက်တင်ဘာ ၂၈ ရက် မနက် ၉ နာရီကနေ ၁၂ နာရီခွဲထိ ပုဇွန်တောင်ပန်းခြံမှာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။
အချိုးကျကိုယ်စားပြုစနစ် (ပီအာ) ကျင့်သုံးဖို့ အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ပုဇွန်တောင်အမတ် ဦးအောင်ဇင်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။