ပြည်ပကို ရေထွက်ကုန် တင်ပို့မှု လျော့ကျ
Published By
DVB | 25 September, 2014
862
0
Share
0
Comment
0
Likes

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ရေထွက်ကုန်တင်ပို့မှုဟာ အခုနှစ်အတွင်းမှာ လျော့ကျလာခဲ့တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဟန်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
အခုနှစ်၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်ရဲ့ သြဂုတ်လကုန်ထိ ရေထွက်ကုန်တင်ပို့မှုဟာ ဒေါ်လာ ၁၆၀ ဒသမ ၂၃၄ သန်း ရှိခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ရဲ့ သြဂုတ်လ အထိကို ဒေါ်လာ ၂၁၈ ဒသမ ၉၄၃ သန်း ရှိခဲ့တာကြောင့် ဒေါ်လာ ၅၉ သန်းနီးပါး လျော့ကျလာတာ ဖြစ်ပါတယ်။
ဒါဟာ ပြည်တွင်းက ရေထွက်ကုန်တွေ ထုတ်လုပ်မှု ကျဆင်းတာရယ်နဲ့ ရာသီဥတုဖောက်ပြန်တာရယ် စတဲ့ အချက်တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အရင်က စီးပွားရေးပိတ်ဆို့မှု ခံရတာကနေ အခုအခါမှာတော့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလို အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကနေ ဖြေလျော့ လာခဲ့ပြီး၊ ပြည်ပဈေးကွက် ရှိပေမဲ့ နည်းပညာနဲ့ အရင်းအနှီးရယ်စတဲ့ စိန်ခေါ်မှုတွေကို လုပ်ငန်းရှင်တွေ ခံနေရပြီး၊ အစိုးရအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဦးဟန်ထွန်းက ပြောပါတယ်။