ဖာနန်ဒိုဆန်းတို့စ်ကို ပေါ်တူဂီ လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ အသက် ၅၉ နှစ်ရှိပြီ ဖြစ်သော ဖာနန်ဒိုဆန်းတို့စ်ကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ [caption id="attachment_65948" align="alignright" width="300"]8d9cbay6 ဖာနန်ဒိုဆန်းတို့စ်[/caption] အရင်နည်းပြ ဘင်တိုဟာ  ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ အယ်လ်ဘေးနီးယား အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ  နည်းပြရာထူးကနေ ထွက်ခွာခဲ့ရတာပါ။ နည်းပြသစ် ဆန်းတို့စ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂရိအသင်းနည်းပြ ဖြစ်ပါတယ်။ သူဟာ ဂရိအသင်းက  ကော်စတာရီကာကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ ရှုံးခဲ့ပြီးနောက် မှာ  ဂရိ အသင်းနဲ့ လမ်းခွဲခဲ့သူပါ။ အဲဒီပွဲမှာ သူဟာ   ကွင်းအတွင်း တာဝန်ရှိသူတွေနဲ့ အချင်းများခဲ့ပြီး ထုတ်ပယ်ခံရသလို ၈ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရခဲ့ပါတယ်။ သူရဲ့ ကစားသမားဘ၀မှာတော့ မာရီတီနိုနဲ့ အက်စတိုရီအသင်းတွေမှာ ကစားခဲ့ပြီး နည်းပြ လုပ်သက် ၂၇ နှစ် ရှိပါတယ်။ ပေါ်တို၊ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်း၊ ပီအေအိုကေ၊ ပါနာသီနာကော့စ်၊ အေအီးကေ အေသင်ကလပ်တွေနဲ့ ဂရိလက်ရွေးစင်အသင်းတို့ မှာ နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

More News
Up