Apple iPhone 6+ ကွေးညွတ်သွားသည့်ပြဿနာ သုံးစွဲသူများ ကြုံတွေ့

Apple iPhone 6+ တွေကို ထုတ်ခဲ့ပြီး ရက်သတ္တပတ် ၂ ပတ် မရှိသေးခင်မှာ iPhone 6+ ဖုန်းတွေ ဂျင်းဘောင်းဘီထဲ ထည့်ထိုင်မိရင် ကွေးညွတ်သွားတဲ့ ပြဿနာကို ဖုန်းဝယ်ယူ သုံးစွဲသူတွေ မကြာခင်က တွေ့ရှိခဲ့ကြပါတယ်။ ဒီပြဿနာကို အင်တာနက်လူမှုကွန်ရက်တွေမှာ လူပြောများနေပြီး လွန်ခဲ့တဲ့ ၂၀၁၀ iPhone 4 တွေ ထွက်တုန်းကလည်း ဖုန်းပြောရင်း လိုင်းကျတဲ့ အင်တင်နာပြဿနာတက်ခဲ့ပါသေးတယ်။ iPhone6အီလက်ထရွန်နစ်နဲ့ နည်းပညာ စီအန်အီးတီ ၀က်ဘ်ဆိုက်ကြီးရဲ့ ၀ါရင့်ဆောင်းပါးရှင် ရှာရာ တီဘ်ကမ် (Shara Tibken) က ဖုန်းကို ပေါ့ပေါ့ပါးပါးထုတ်ချင်တာကနေ ဖြစ်လာတဲ့ပြဿနာလို့ ဆိုပါတယ်။ “လူတွေက ဖုန်းတွေကို ပေါ့ပေါ့ပါးပါး ကိုင်ချင်ကြတယ်။ ဒါကြောင့် တဖက်မှာ အဲဒါအတွက် ပေးရတာပါပဲလို့ သုံးသပ်ပါတယ်။ တကယ်တော့ Apple က သုံးတဲ့ပစ္စည်းတွေက အကောင်းဆုံးတွေပါ။ ဒါပေမယ့် ပြဿနာက အဲ့လိုဖြစ်ရင်၊ Screen နဲ့ အထဲက အစိတ်အပိုင်းတွေမှာ ပြဿနာရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။ လောလောဆယ်အထိတော့ သုံးလို့ ရနေပါသေးတယ်။ ဒီပြဿနာ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။” ဒီဖုန်းခွံအတွက် အလူမီနီယံအပေါ့စားကို သုံးထားပြီး ထင်တာထက် ကွေးညွတ်တယ်၊ ဒီဇိုင်း အားနည်းချက်လည်း ဖြစ်နိုင်တယ်လို့ နည်းပညာသုံးသပ်သူတွေက ဆိုပါတယ်။ ဒီ iPhone 6+ ကွေးညွတ်တဲ့ youtube ဗွီဒီယိုကို အင်တာနက်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က တင်ခဲ့ပြီး ဒီနေ့အထိ ကြည့်ရှုသူ ၁၁ သန်းကျော်ခဲ့ပါတယ်။ Apple ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ တုန့်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ရှာရာ တီဘ်ကမ်ကတော့ ဒီ iPhone တွေဟာ ဈေးအတော်ကြီးပြီး အမေရိကန်မှာဆို ဖုန်းကန်ထရိုက် အနည်းဆုံး ၂ နှစ်အထိ သုံးရမှာမို့ ဒါပြဿနာရှိနိုင်တယ်လို့ ပြောဆိုပါတယ်။ များသောအားဖြင့် ဖုန်းတွေကို ဘောင်းဘီအိတ်ထဲ ထည့်ကြတော့ ကွေးသွားညွတ်သွားရင် ဒါဟာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးလို့ သုံးစွဲသူတွေက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့အထိ iPhone 6 နဲ့ iPhone 6+ အလုံးရေ ၁၀ သန်း ရောင်းချပြီးပြီလို့ ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up