DVB Logo
Home
မြန်မာသတင်း
နှစ်ဖက် အပစ်ရပ်ရေးအဆို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု
DVB
·
September 24, 2014
နှစ်ဖက် အပစ်ရပ်ရေးအဆို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု
Donate to DVB

တဖက်နဲ့တစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ကြဘဲ ရပ်ဆိုင်းကြဖို့ တပ်မတော်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အသီးသီးကို ပြည်သူ့လွှတ်တော်က တိုက်တွန်း လိုက်ပါတယ်။

ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေတဲ့ အချိန်မှာ ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်ဆိုင်းထားဖို့ အရေးကြီးအဆိုကို ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိအတည်ပြု လိုက်တာပါ။

11092014“ပြည်သူတွေ သေကြေခြင်း၊ ကိုယ်ခန္ဓာစွန့်လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာဆုံးရှုံးရခြင်း၊ ဆင်းရဲဒုက္ခရောက် နေရခြင်းသည် ပြည်တွင်းပဋိပက္ခ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သဖြင့် ပြည်သူတို့ရဲ့ ဆန္ဒနှင့်အညီ ယနေ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်မှာ ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများက ဦးစွာအမြန်ဆုံး ရပ်ဆိုင်းပေးရေးအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် လေးစားစွာ အဆိုတင်သွင်း အပ်ပါတယ်ခင်ဗျာ။”

ဖာပွန်မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အဆိုတင်သွင်းတာ ဖြစ်ပါတယ်။
ဒီအဆိုကို ကိုယ်စားလှယ်နှစ်ယောက်က ထောက်ခံဆွေးနွေးပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်ကလည်း လေးလေးနက်နက်ထောက်ခံပါတယ်လို့ ထောက်ခံဆွေးနွေးပါတယ်။
“ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများမှာ ဦးစွာအမြန်ဆုံး ရပ်ဆိုင်းပေးရေး အဆိုတင်သွင်းတာနဲ့ ပတ်သက်လို့ ကျနော်တို့ တပ်မတော်အနေဖြင့် လိုက်လှဲစွာ ထောက်ခံအပ်ပါကြောင်း ပဏာမဦးစွာ တင်ပြအပ်ပါတယ်။ တပ်မတော်အနေဖြင့်လည်း ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် အမြန်ဆုံး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ဦးလည်မသုန် ဆောင်ရွက်လျှက်ရှိပါတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ တဖက်သတ် ရပ်ဆိုင်းလို့ မရသလို လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကလည်း အားတက်သရော ပါဝင် လုပ်ဆောင်သွားနိုင်ရန်လည်း လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။”

အပစ်ရပ်ရေးကို အခုအချိန်မှာ ဘာကြောင့် အရေးကြီးအဆိုအဖြစ် တင်သွင်းရသလဲ ဆိုတာကိုတော့ ဦးစိုင်းသန်းနိုင်က အခုလို ပြောပါတယ်။
“တချို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပထမအပစ်ရပ် အပစ်ရပ်ပြီးမှ ငြိမ်းချမ်းဆွေးနွေးမှာပေါ့နော်။ အဲဒီမှာ အဖုအထစ်ဖြစ်နေတယ်လို့ သိရတယ်။ ငြိမ်းချမ်းရေးသွားတဲ့အခါမှာ ဒီကိစ္စကြီးအတွက် အဖုအထစ်ဖြစ်နေလို့ရှိရင် ပြည်သူလိုလားချက်က အခက်အခဲဖြစ်သွားနိုင်တယ်။ အဲဒီတော့ လက်နက်ကို မကိုင်ပဲနဲ့ ဒီကိစ္စဆွေးနွေးရင် ပိုအောင်မြင်မယ်လို့ ကျနော်ထင်တယ်။ လက်နက်တွေ ခဏဘေးဖယ်ထားပြီး နိုင်ငံရေးအရ ဆွေးနွေးတာက ပိုပြီး ခရီးရောက်မယ်လို့ ကျနော်အနေနဲ့ အဲဒီလိုယူဆလို့ ကျနော် တင်တာပါ။”

လွှတ်တော်ပြင်ပမှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ ဟာ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တပြည်လုံးအပစ်ရပ်ဆွေးနွေးပွဲမှာ ကျန်ရှိနေတဲ့ အချက် ၅ ချက်ထဲက တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013