DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့တွင် ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်ပွား
DVB
·
September 24, 2014
လားရှိုးမြို့တွင် ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်ပွား
Donate to DVB

ဒီနေ့ ညနေ ၂ နာရီ ၂၅ မိနစ်အချိန်ခန့်က လားရှိုးမြို့ မြို့ဈေးဝန်းအတွင်းမှာရှိတဲ့ ချယ်ရီရုံ အမှတ် ၂၆၅ မှာဖွင့်လှစ်ထားတဲ့ ဝေဟင်ရွှေဆိုင်မှာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။

IMG_4676ဓားပြတိုက်သူဟာ တယောက်တည်းဖြစ်ပြီး သေနတ်တစ်လက်ပါလာပါတယ်။ အဲ့ဒီပါလာတဲ့ သေနတ်နဲ့ ဝေဟင်ရွှေဆိုင်က မှန်ကောင်တာကို ဖောက်ကာ ရွှေဗန်းတဗန်းယူပြီး ထွက်ပြေးသွားတယ်လို့  ရွှေကုန်သည်အသင်းဥက္ကဋ္ဌဖြစ်သူ ဦးညီထွေးက ပြောပါတယ်။

မြို့မဈေးရဲ့ စည်/ပင် တာဝန်ခံဈေးခေါင်းဖြစ်သူ ကိုမျိုးက ဓားပြတိုက်ရာမှာ ပါသွားတဲ့ ပစ္စည်တွေကတော့ ရွှေလက်စွပ်အကွင်း ၃၀  ဖြစ်ပြီး ကာလတန်ဖိုး ငွေကျပ် သိန်း ၁၀၀ ခန့်ရှိတယ်လို့ ပြောဆိုပါတယ်။

အခုဓါပြတိုက်မှုမှာ လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာမှုမရှိသလို ထွက်ပြေးလွတ်မြောက်နေတဲ့ ဓါပြတိုက်သူကိုလည်း ရဲတပ် ဖွဲ့က ပိတ်ဆို့တာဆီးမှုတွေပြုလုပ်ကာ လိုက်လံရှာဖွေနေပြီး အမှုဖွင့်ဆောင်ရွက်ဖို့လည်း ပြင်ဆင်နေ တယ်လို့ မြို့မရဲ တပ်ဖွဲ့စခန်းမှာ ဒီကနေတာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဈေးသူဈေသားတွေ ကြောက်ရွံ့ထိတ်လန့်နေပြီး လုံခြုံရေးတိုးမြင့်ချထားပေးဖို့ လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013