DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီ ညီလာခံတက်ရောက်ရန် ကိုယ်စားလှယ် ၂၀၀ ကျော်ရောက်ရှိ
DVB
·
September 24, 2014
ရခိုင်အမျိုးသားပါတီ ညီလာခံတက်ရောက်ရန် ကိုယ်စားလှယ် ၂၀၀ ကျော်ရောက်ရှိ
Donate to DVB

ရခိုင်အမျိုးသားပါတီရဲ့ ပထမဆုံးအကြိမ် ပါတီညီလာခံကျင်းပဖို့အတွက် မြို့နယ်အသီသီးက ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ် သံတွဲမြို့ကို ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ၅ ရက်တာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပါတီညီလာခံကို တက်ရောက်ဖို့ ကိုယ်စားလှယ်တွေအားလုံး သံတွဲမြို့ ငပလီကမ်းခြေဒေသ ကို ရောက်ရှိနေပြီလို့ ညီလာခံဖြစ်မြောက်ရေးလုပ်ငန်းကော်မတီဝင် ဦးလှမြင့်က ပြောပါတယ်။

Beautiful-Ngapali-Beachရခိုင်အမျိုးသားပါတီဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကာ ထူထောင်တဲ့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲကလာထူထောင်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို ပူးပေါင်းတဲ့ပါတီဖြစ်ပြီး ပထမဆုံးအကြိမ်ညီလာခံကျင်းပမှာဖြစ်ပါတယ်။

ညီလာခံဖွင့်ပွဲအခမ်းအနားကို မနက်ဖြန် မနက် ၈ နာရီကျရင် သံတွဲမြို့ လေးမျက်နှာဘုရားမှာ သွားရောက်ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲကိုတော့ သံတွဲမှာ ပုဒ်မ ၁၄၄ ညမထွက် ရအမိန့် ရှိနေသေးတဲ့အတွက် ငပလီကမ်းခြေ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာဘဲ ပြန်လုပ်မယ်လို့ သူက ဆက်ပြောပါတယ်။

ဆွေးနွေးပွဲမှာ အဓိကအားဖြင့် ၂ ပါတီသဘောတူချက်နဲ့ လုပ်ခဲ့တဲ့ ပါတီဖွဲ့စည်းပုံကို ပြန်ပြင်လို့ရအောင် ပြင်နိုင်သမျှ လက်ရှိအခြေအနေနဲ့ ရခိုင်ပြည်နယ်နဲ့ လိုက်လျော ညီထွေဖြစ်တဲ့ ကိစ္စမျိုးပြင်နိုင်ဖို့ ပါတီဖွဲ့စည်းပုံကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရာမှာ ဘာမူနဲ့ ရွေးမလဲဆိုတဲ့ အချက်တွေကို ညီလာခံကနေ ချမှတ်ပြီး ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး စတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ ရွေးချယ်သွားမယ်လို့ ဦးလှမြင့်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့အပြင် ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်းက ရခိုင်ပါတီကိုယ်စားလှယ်တွေပါ သူတို့ဒေသဆိုင်ရာ အခြေအနေနဲ့ အခက်အခဲတွေကို အစီရင်ခံဖို့ရှိပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက နေရာရထားတဲ့ ပြည်နယ်ဝန်ကြီး ဌာန ၃ ခုက ၀န်ကြီးတွေ၊ ရခိုင်တိုင်းရင်းသားဝန်ကြီးတွေပါ လာရောက် ဆွေးနွေးတင်ပြဖို့ ရှိနေပါတယ်။

ဒီညီလာခံကနေ ရခိုင်လူမျိုးတို့ရဲ့ အမျိုးသားညီညွတ်မှု၊ ရခိုင့်ခေါင်းဆောင်တို့ ညီညွတ်မှုနဲ့ ရခိုင်ပြည်အတွက် ရခိုင်တမျိုးသားလုံး ညီညီညွတ်ညွတ်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ေ ကြာင်း ဦးလှမြင့်က ပြောသွားပါတယ်။ ညီလာခံကို ကိုယ်စားလှယ်ပေါင်း ၂၅၀ လောက် တက်ရောက်မယ်လို့ သိရပါတယ်။

ဒီညီလာခံနဲ့ပတ်သက်လို့ ကော်မရှင်ညွန်ကြားချက်မှာ အစိုးရဌာနဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက် အဦများ နဲ့အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ မလုပ်ဆောင်ရကြောင်းနဲ့ ကော်မရှင်ခွင့်ပြုရင်တောင်မှ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နေရာမှာလုပ်ဖို့ ညွန်ကြားထားတာကြောင့် ဘုန်းတော်ကြီးကျောင်းဟာ သာသနိက အဆောက်အဦ ထဲမှာ ပါတယ်ဆိုပြီး ဒေသခံတချို့က ထောက်ပြကြပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့ ရွေးကော်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်ကို မေးမြန်းတဲ့အခါ သူ့ထံကို ခွင့်ပြုချက်လာမတောင်းတဲ့ အကြောင်းနဲ့၊ ကော်မရှင်နဲ့ မသက်ဆိုင်ဘဲ စီမံခန့်ခွဲရေးကော်မတီက နေရာလုပ်ပေးထားတာဖြစ်ကြောင်း ပြန်လည်ဖြေကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013