Homeမြန်မာသတင်း
မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ၄ ရာခိုင်နှုန်း ခန့်ရှိကြောင်း ပြည်ထောင်စုဒုဝန်ကြီးပြော
မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ၄ ရာခိုင်နှုန်း ခန့်ရှိကြောင်း ပြည်ထောင်စုဒုဝန်ကြီးပြော
ပိုင်စိုး
·
September 24, 2014
မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ၄.၀၁ ရာခိုင်နှုန်းလောက်ရှိတယ်လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
၁၉၉၀ ပြည့်နှစ်မှာ ကောက်ယူခဲ့တဲ့ လုပ်သားအင်အားစစ်တမ်းကို အခြေခံပြီး ၂၀၁၃ ခုနှစ်အတွက် ခန့်မှန်း တွက်ချက်ထားတာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ဇွန်လကုန်အထိ သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးမှာ စုစုပေါင်း ၀န်ထမ်းဦးရေ ၉ သိန်းကျော်၊ လုပ်ခစား ၀န်ထမ်း ၁ သိန်းကျော်ရှိပြီး ပုဂ္ဂလိက ၀န်ထမ်းကတော့ ၂၀၁၂ ခုနှစ် စာရင်းအရ ၈ သိန်း ၉ သောင်းကျော် ရှိပါတယ်။
တိကျတဲ့ စာရင်းဖို့အတွက် လုပ်သားအင်အား စာရင်းကို ၂၀၁၄-၁၅ မှာ အိုင်အယ်လ်အိုရဲ့ အကူအညီနဲ့ ကောက်ယူသွားမယ်လို့လည်း ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။
နိုင်ငံဝန်ထမ်းတွေအတွက် ဒီနှစ်မှာ လစာငွေနဲ့ အပိုထောက်ပံ့ကြေး၊ ဒေသစရိတ် စုစုပေါင်း ၁၉၉၄ ဘီလီယံ လျာထားတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။