မြန်​မာနိုင်​ငံတွင်​ အလုပ်​လက်​မဲ့ ၄ ရာခိုင်​နှုန်း ခန့်​ရှိ​ကြောင်း ပြည်ထောင်စုဒုဝန်​ကြီး​ပြော

မြန်​မာနိုင်​ငံမှာ အလုပ်​လက်​မဲ့ဦး​ရေ ၄.၀၁ ရာခိုင်​နှုန်း​လောက်​ရှိတယ်​လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွား​ရေး ဖွံ့ဖြိုးတိုးတက်​မှုဝန်​ကြီးဌာန ဒုတိယ၀န်​ကြီး ​ဒေါ်လဲ့လဲ့သိန်းက ဒီ​နေ့ ပြည်​သူ့လွှတ်​​တော်​ အစည်းအ​ဝေးမှာ ​ပြောပါတယ်​။ To match Analysis MYANMAR-ECONOMY/၁၉၉၀ ပြည့်​နှစ်​မှာ ​ကောက်​ယူခဲ့တဲ့ လုပ်​သားအင်​အားစစ်​တမ်းကို အ​ခြေခံပြီး ၂၀၁၃ ခုနှစ်အတွက်​ ခန့်​မှန်း တွက်​ချက်​ထားတာ ဖြစ်​ပါတယ်​။ ၂၀၁၄ ခုနှစ်​ ဇွန်​လကုန်​အထိ သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးမှာ စုစု​ပေါင်း ၀န်​ထမ်းဦး​ရေ ၉ သိန်း​ကျော်​၊ လုပ်​ခစား ၀န်​ထမ်း ၁ သိန်း​ကျော်​ရှိပြီး ပုဂ္ဂလိက ၀န်​ထမ်းက​တော့ ၂၀၁၂ ခုနှစ်​ စာရင်းအရ ၈ သိန်း ၉ ​သောင်း​ကျော်​ ရှိပါတယ်​။ တိကျတဲ့ စာရင်းဖို့အတွက်​ လုပ်​သားအင်​အား စာရင်းကို ၂၀၁၄-၁၅ မှာ အိုင်အယ်လ်အိုရဲ့ အကူအညီနဲ့ ​ကောက်​ယူသွားမယ်​လို့လည်း ပြည်ထောင်စုဒုဝန်​ကြီးက ​ပြောပါတယ်​။ နိုင်ငံဝန်​ထမ်း​တွေအတွက်​ ဒီနှစ်​မှာ လစာ​ငွေနဲ့ အပို​ထောက်​ပံ့​ကြေး၊ ​ဒေသစရိတ် စုစု​ပေါင်း ၁၉၉၄ ဘီလီယံ လျာထားတယ်​လို့လည်း ဒုဝန်​ကြီးက ​ပြောပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up