
ကရင်ပြည်နယ် ဘားအံမြို့ ၈ ရပ်ကွက်မှာ မြန်မာကျပ်ငွေ သိန်း ၉၃၀၀ တန်ဖိုးရှိတဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဘားအံမြို့မရဲစခန်း တပ်ကြပ်ကြီး အောင်ကျော်ဦးက ပြောပါတယ်။
[caption id="attachment_59211" align="alignright" width="600"]
သြဂုတ်လအတွင်းက ဖမ်းဆီးရရှိမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနေစဉ်[/caption]၈ ရပ်ကွက်က ဘုန်းတော်ကြီးကျောင်းမုခ်ဝရဲ့ ပေ ၁၀၀ လောက်အကွာမှာ အိတ်အ မည်းတွေနဲ့ ထုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၂ နာရီကျော်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအိတ်မှာ ဘိန်းဖြူ ဘလောက်တုံး ၂၂ တုံး ကာလတန်ဖိုး ကျပ်သိန်း ၇၇၀၀ ရှိပြီး အိုင်စ် ၂ ကီလိုဂရမ် ကာလတန်ဖိုး ကျပ်သိန်း ၁၆၀၀ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပိုင်ရှင်မဲ့ပစ္စည်းအဖြစ် ဘားအံမြို့မရဲစခန်းက သိမ်းဆည်းထားပြီး မူးယစ်ပုဒ်မနဲ့ အမှုဖွင့်ထားပြီး မည်သူမည်ဝါရဲ့ ပစ္စည်းဆိုတာကို စုံစမ်းနေတယ်လို့ တပ်ကြပ်ကြီး အောင်ကျော်ဦးက ဒီဗွီဘီကို ပြောပါတယ်။
သူတာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း ဒီလောက်တန်ဖိုးများတဲ့ မူးယစ်ဆေးကို ဒါ ပထမဆုံးအကြိမ် သိမ်းဆည်းရမိတာ ဖြစ်တယ်လို့လည်း တပ်ကြပ်ကြီး အောင်ကျော်ဦးက မှတ်ချက်ပေး ပြောဆိုသွားပါတယ်။











