သထုံမြို့အနီးတ၀ိုက် ရေကြီးနိုင်
DVB
·
September 24, 2014
မွန်ပြည်နယ် သထုံမြို့အနီးတ၀ိုက်မှာ ရေကြီးမယ့် ရေဖုံးလွှမ်းနိုင်မှုအလားအလာ ရှိတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီနေ့ ဖော်ပြထားပါတယ်။
နေပြည်တော်တိုင်းဒေသကြီး နဲ့ ချင်းပြည်နယ် တို့မှာ နေရာကွက်ကျား မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာတတိုင်ငံလုံးမှာတော့ နေရာကျဲကျဲ မိုးထစ်ချုန်းနိုင်ပြီး ရွာရန် ရာနှုန်း (၈၀) ရှိတယ်လို့ ဖော်ပြထားပါတယ်။
[caption id="attachment_65866" align="alignright" width="622"] သြဂုတ်လ ၁၁ ရက်နေ့က မွန်ပြည်နယ် သထုံမြို့တွင် ရေကြီးမှု ဖြစ်ပွားစဉ်[/caption]