အိုင်အက်စ်အကြမ်းဖက်အဖွဲ့ စစ်ရေးလေ့ကျင့်မှု ရုပ်သံ ဖြန့်ချိ

အစ္စလာမ်မစ် ပြည်ထောင်စုတပ်ဖွဲ့ (အိုက်အက်စ်) က တပ်သားသစ် စုဆောင်းဖို့အတွက် ရည်ရွယ်ပြီး တပ်သားတွေ စစ်ရေးလေ့မှု ဗွီဒီယိုရုပ်သံတခု မနေ့က အွန်းလိုင်းပေါ် ပျံ့နှံ့လာပါတယ်။ 53a64d7f6dd86-Iraq-2အိုင်အက်စ်အဖွဲ့က သူ့တပ်သားတွေကိုအမေရိကန်၊ ပြင်သစ် နဲ့ မဟာမိတ်နိုင်ငံတွေ က နိုင်ငံသားတွေကို တိုက်ခိုက်ဖို့  ဆော်သြတဲ့ နေ့မှာပဲ ဒီဗွီဒီယိုကို ထုတ်လိုက်တာပါ။ ဗွီဒီယိုထဲမှာ အိုက်အက်စ် တပ်သားတွေ ပြေးလွှားနေပုံ၊ ချီတက်နေပုံ၊ သေနတ်ပစ်နေပုံတွေ ပါဝင်ပြီး ဘယ်နေရာမှာ ရိုက်ကူးထားတယ်ဆိုတာကတော့ မသိရပါဘူး။ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ တက်နေတဲ့ ဗွီဒီယိုနဲ့ပတ်သက်လို့ သီးခြားတော့ အတည်မပြုနိုင်ပါဘူး။ စက်တင်ဘာ ၂၂ ရက်နေ့ အစောပိုင်းမှာပဲ အိုက်အက်စ်အဖွဲ့က အသံသွင်း ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပြီး အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်အခြေစိုက် စစ်သွေးကြွအဖွဲ့တွေအနေနဲ့  အီဂျစ် လုံခြုံရေးတပ်တွေကို တိုက်ခိုက်ဖို့၊ ခေါင်းဖြတ်ဖို့ တိုက်တွန်းထားပါတယ်။ အနောက်နိုင်ငံတွေက အရပ်သားတွေကိုလည်း တိုက်ခိုက်ကြဖို့ တိုက်တွန်းတာ ပါဝင်တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up