ဒီမိုကရေစီရရှိရေး ဟောင်ကောင်ကျောင်းသား ၁ သောင်းကျော် ဆန္ဒပြ

735
တရုတ်ကွန်မြူနစ်ပါတီကို စိန်ခေါ်ဖို့ ဆုံးဖြတ်ထားတဲ့ လူငယ်တွေရဲ့ မငြိမ်သက်မှုကို လျော့တွက်တဲ့အတွက် စာသင်ချိန်တွေကို တပတ်ကြာ သပိတ်မှောက်မှု စတင်ခဲ့အပြီး ကျောင်းသား ၁ သောင်းကျော်ဟာ ဒီမိုကရေစီပိုရဖို့ ဟောင်ကောင်မြို့လယ်မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၂၀ ကျော်က ကျောင်းသားတွေဟာ “သင့်ပန်းတိုင်ကို လှမ်းကိုင်ဖို့ မနာခံဘဲ အန်တုစို့၊ သပိတ်မှောက်မှု ဖြစ်ရမယ်” လို့ ရေးထားတဲ့ စာတမ်းတွေကို ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။
ရိပ်သာလမ်းတလျှောက် ချီတက်လာတဲ့ ကျောင်းသားတွေက ဒီမိုကရေစီ အခုပေး၊ ညီညွတ်မှုနဲ့ ရပ်တည်ပါ စတဲ့ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ကြပါတယ်။
ဒီချီတက်ပွဲကို လူ တသောင်း ၃ ထောင်လောက် ပါဝင် ဆင်နွှဲတယ်လို့ ပွဲစီစဉ်သူတွေထဲ တဦးက ပြောပါတယ်။
ဗြိတိန်ကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်ဟာ ၁၉၉၇ မှာ တရုတ် အုပ်ချုပ်မှုအောက်ကို ပြန်ရောက်ခဲ့ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေချိန် မြင်ခဲ့ပါတယ်။
ဒါပေမယ့် တရုတ်ပြည်မကြီး အစိုးရက ပြည်သူတွေက မြို့အုပ်ချုပ်သူအသစ်ကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရွေးချယ်ရေးတောင်းဆိုချက်ကို အရင်လကပယ်ချခဲ့ပါတယ်။
ဒါကြောင့် ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှု အစိတ်အပိုင်းအဖြစ် ဗဟိုဘဏ္ဍာရေးခရိုင်ကို ပိတ်ချဖို့ တက်ကြွလှုပ်ရှားသူတွေက ခြိမ်းခြောက်ခဲ့ကြပါတယ်။
