ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး စတင်ဆောင်ရွက်
DVB
·
September 22, 2014
ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင် စတင်ဆောင်ရွက်နေပြီလို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်စန္ဒာခင်က ပြောပါတယ်။
ဇုန်နေရာ သတ်မှတ်တာတွေ ကို ဆောင်ရွက်နေပြီး ပညာရှင်တွေ အစည်းအဝေး ကိုတော့ ရှေ့လထဲ မှာ ဆောင်ရွက်ဖို့ ရှိနေတယ်လို့ ၀န်ကြီးက ပြောပါတယ်။
မကြာသေးခင်ကပဲ ပျူဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်မှာ ထည့်သွင်းခံခဲ့ရပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ယဉ်ကျေးမှုနဲ့ ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ နေရာပေါင်း ၄၆ ခု ရှိပါတယ်။