DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့်အန်စီစီတီ အပစ်ရပ်မူကြမ်း အပြီးသတ်ရေး ဆွေးနွေး
DVB
·
September 22, 2014
အစိုးရနှင့်အန်စီစီတီ အပစ်ရပ်မူကြမ်း အပြီးသတ်ရေး ဆွေးနွေး
Donate to DVB

အစိုးရနဲ့  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ရဲ့ ၆ ကြိမ်မြောက် ၅ ရက်တိုင်တိုင်ပြုလုပ်မယ့် အပစ်ရပ် ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။

ပြီးခဲ့ သြဂုတ်လက ဆွေးနွေးပွဲမှာ အချက် ၅ ချက်သာ ဆွေးနွေးဖို့ ကျန်တော့တယ်လို့ နှစ်ဘက်ထုတ်ပြောထားတာကြောင့် အခုကျင်းပမယ့် ၅ ရက်ကြာ ဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က ဒီတစ်ခေါက်ဆွေးနွေးပွဲက အပစ်ရပ်ရေး စာချုပ်မူကြမ်းကို အပြီးသတ်ဆွေးနွေးဖို့ စီစဉ်ကြတာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_65650" align="alignleft" width="200"]d6 ဗိုလ်ချုပ် ဂွန်မော် ဆွေးနွေးနေစဉ်[/caption]

“အဓိကကတော့ အပစ်ရပ်မူကြမ်းကို အမြန်ပြီးအောင်လို့ပဲ ရည်မှန်းချက်ထားပါတယ်။ ဒီမူကြမ်းက ကျနော်တို့ သဘောတူချက် မရမချင်း ပြင်ဆင်နေမှာပေါ့။ အဓိက တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ တပ်နေရာချထားရေး စသဖြင့် ဆွေးနွေးဖို့ ရှိပါတယ်။ အပစ်ရပ်မူကြမ်းကတော့ ကျနော်တို့ နောက်ဆုံးဖြစ်စေချင်တယ်။ ဒါပေမယ့် မူကြမ်းပြီးရင် ဆက်ပြီးလုပ်ရမယ့် ကဏ္ဍတွေက အများကြီး ကျန်ပါသေးတယ်။ တချို့ကပြောတာ ဒီတခါနောက်ဆုံးလားလို့ပြောရင် ဒီ processက နောက်ဆုံးလို့ ပြောလို့မရဘူး၊ ပြီးတဲ့အထိ သွားရဦးမယ်၊ နောက်ဆုံးတော့မဟုတ်ဘူး။”

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် စတုတ္ထမူကြမ်းအဆင့်ကို ရောက်ရှိနေပြီး ဆက်လက်ဆွေးနွေးဖို့ အချက် ၅ ချက်လောက်သာ ကျန်တော့တယ်လို့ ပြောပါတယ်။

[caption id="attachment_65647" align="alignright" width="300"]၀န်ကြီးဦးအောင်မင်း ရှင်းလင်းနေစဉ် ၀န်ကြီးဦးအောင်မင်း ဆွေးနွေးနေစဉ်[/caption]

“အပစ်ရပ်မူကြမ်း သဘောတူညီချက်ရဖို့ ကျနော်တို့ ညှိနှိုင်းကြတဲ့အခါမှာ စတုတ္ထမူကြမ်း ကို ရောက်ရှိနေပြီဖြစ် ပါတယ်။ ကျနော်တို့ စတင်ညှိနှိုင်းကြတဲ့ အခါမှာ အချက် ၁၀၄ ချက်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာ မူကြမ်း အချက် ၅ ချက်သာ ကျန်ရှိနေပါတယ်။ ကျနော်တို့အဓိက ရည်မှန်းချက်က နိုင်ငံရေးပြဿ     နာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အဓိကအင်အားစုတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ ကျင်းပနေခြင်းဖြစ်ပါတယ်။”

ဒီကနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) ဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ အစိုးရဘက်က ကိုယ်စားလှယ်သစ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးလည်း ပါဝင်တက်ရောက်နေပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ဘက်ကတော့ နိုင်ဟံသာခေါင်းဆောင်ပြီး တိုင်းရင်းသားတွေဘက်က တပ်ပိုင်းဆိုင်ရာ တပ်မှူးတွေ ပါဝင်တက်ရောက်နေပါတယ်။

အခုတကြိမ်ဆွေးနွေးပွဲမှာ နိုင်ငံရေးမူဘောင်နဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် အစီအစဉ်၊ တပြည်လုံး အပစ်ရပ်သဘောတူညီချက်ကို ဘယ်သူတွေလက်မှတ်ထိုးမလဲ၊ အပစ်ရပ်ပြီး တပ်နေရာချထားရေးကိစ္စတွေ၊ နှစ်ဘက်လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းမှုနဲ့ တပြည်လုံး အပစ်ရပ်ပြီးတဲ့အခါ တပ်သားစုဆောင်းရေး၊ မစုဆောင်းရေး စတာတွေ ပါဝင်ကြမှာဖြစ်ပါတယ်။

တပြည်လုံးအပစ်အခတ်ရပ်စဲပြီး ရက်ပေါင်း ၉၀ တွင်း နိုင်ငံရေးဆွေးနွေးဖို့ သဘောတူညီထားပြီး အပစ်ရပ်ပြီးကာလမှာ တပ်မတော်ဘက်က တပ်သားစုဆောင်းရေး လုပ်နိုင်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က တပ်သား စုဆောင်းခွင့်ပိတ်ပင်မှုကြောင့် ဒီကိစ္စကို ဆွေးနွေးရာမှာ အချိန်ယူရဖွယ်ရှိပါတယ်။

အစိုးရဘက်က အောက်တိုဘာမှာ အပစ်ရပ်လက်မှတ်ထိုးပြီး ၂၀၁၅ ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ချင်တယ်လို့ ထုတ်ပြောထားသလို ပြည်တွင်းနိုင်ငံရေး ပါတီတွေကလည်း နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲရေးလုပ်ငန်းတွေ အစပြုလုပ်ဆောင်လာကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013