DVB Logo
Home
မြန်မာသတင်း
ကရင်နှင့်ရခိုင်အမျိုးသမီးခေါင်းဆောင်နှစ်ဦးကို ငြိမ်းချမ်းရေးဆုချီးမြှင့်
DVB
·
September 22, 2014
ကရင်နှင့်ရခိုင်အမျိုးသမီးခေါင်းဆောင်နှစ်ဦးကို ငြိမ်းချမ်းရေးဆုချီးမြှင့်
Donate to DVB

အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမြရာဇာလင်းကို ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။

[caption id="attachment_65682" align="alignright" width="300"]အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ် ကျင်းပစဉ် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ် ကျင်းပစဉ်[/caption]

ကေအန်ယူ ဒု- ဥက္ကဋ္ဌ  နော်စီဖိုးရာစိန် နဲ့ အေအယ်လ်ပီ ဗဟိုကော်မတီ ၀င် ဒေါ်စော မြရာဇာ လင်း တို့ကို  ပြီးခဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ဒုတိယအကြိမ် မြောက် အမျိုးသမီး ငြိမ်းချမ်းရေးဖိုရမ်မှာ ငြိမ်းချမ်းရေးဆု ချီးမြှင့်ပေး အပ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးခေါင်းဆောင်နှစ်ဦးဟာ“ အမျိုးသမီးများ၏ စွမ်းအားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမည်” ဆိုတဲ့ အမျိုးသမီးတွေရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့အတွက် ချီးမြှင့်တာလို့ အမျိုးသမီးအဖွဲ့များ ကွန်ရက်(WON) ဥက္ကဋ္ဌ ဒေါ်ရွှေရွှေစိန်လတ်က ပြောပါတယ်။

အမျိုးသမီးငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ နော်စီဖိုးရာစိန်က ဒီဆုဟာ  အမျိုးသမီးတွေအားလုံးတွက် ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ပေးဖို့လည်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်ပါတယ်။

အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်ကို စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက် အထိ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီဖိုရမ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း (နိုင်/ကျဉ်း) ဖြစ်တဲ့ နော်အုန်းလှ၊ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် ကွန်ရက်ရေးရာ တာဝန်ခံ ဒေါ်မြင့်မြင့်အေး၊ အန်ဒီအက်ဖ် ပါတီက  ဒေါ်ဘောက်ဂျာ၊ နိုင်ငံရေးအကျဉ်းသား မိသားစုများအကျိုးဆောင်ကွန်ရက်မှ ဒေါ်ခင်မိမိခိုင် တို့ကိုလည်း ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြင့်ခဲ့ပါတယ်။

အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နဲ့ ပြည်တွင်းရှိ အမျိုး သမီးအဖွဲ့များ ကွန်ရက်တို့က ဦးစီးကျင်းပခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013