ယီမင်ဝန်ကြီးချုပ် နုတ်ထွက်စာတင်

ယီမင်ဝန်ကြီးချုပ်
နိုင်ငံရေး ၀ရုန်းသုန်းကားအခြေအနေတွေနဲ့ ကြုံနေရတဲ့ ယီမင်နိုင်ငံမှာ ၀န်ကြီးချုပ်က စက်တင်ဘာ ၂၁ ရက်နေ့ နုတ်ထွက်စာ တင်လိုက်ပါတယ်။ [caption id="attachment_65654" align="alignleft" width="253"]ယီမင်ဝန်ကြီးချုပ် ယီမင်ဝန်ကြီးချုပ်[/caption] ရှီယိုက် မွတ်စလင် ဟူသီ သူပုန်တွေဟာ မြို့တော် ဆန်နားက အစိုးရ ရုံးတချိုနဲ့ စစ်တပ်ပိုင် အဆောက်အဦတွေကို သိမ်းထားတဲ့ အခြေအနေမှာ ၀န်ကြီးချုပ်က တာဝန်က နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်လို့ အခြေအနေတွေ ပိုရှုပ်ထွေးနေပါတယ်။ တဖက်မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျာမဲ ဘီနိုမားက ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်အရ တိုက်ခိုက်မှုတွေကို အဆုံးသတ်ပြီး  နှစ်ပတ်အတွင်း အစိုးရသစ်ဖွဲ့စည်းနိုင်ရေး သဘောတူညီချက်မှာ သူပုန်တွေဘက်က လက်မှတ်ထိုးဖို့လည်း ရှိနေပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေကြောင့် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာလည်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယီမင်မှာ ၂၀၁၂ ခုနှစ်က တိုင်းပြည်ကို နှစ်ပေါင်း ၃၀ လောက် အုပ်ချုပ်ခဲ့တဲ့ သမ္မတ အလီ အပ်ဗဒူလာ ဆာလေးကို ဆန္ဒခံယူပွဲနဲ့ ဖြုတ်ချပြီးကတည်းက မရေမရာ အခြေအနေနဲ့ ကြုံနေရတာဖြစ်ပါတယ်။ ၀န်ကြီးချုပ်ကတော့ သူနုတ်ထွက်တာဟာ ဟူသီ သူပုန်တွေနဲ့ သမ္မတတို့ကြားမှာ သဘောတူညီချက် ရစေဖို့ လမ်းဖွင့်ပေးချင်တာကြောင့်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ သမ္မတ ရုံးက ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်တာ မရှိသေးပါဘူး။ ၀န်ကြီးချုပ်ဟာ ပင်လယ်ကွေ့နိုင်ငံတွေက ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ အကြီးအကဲအဖြစ် ၂၀၁၁ ခုနှစ်ကစလို့ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါပေမ့ယ် ဟူသီ မျိုးနွယ်စုတွေက အစိုးရအဖွဲ့ထဲမှာ မပါဘဲ နောက်အစိုးရသစ်ကို တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။ အရင်လက လောင်စာဆီ ဈေးနှုန်းမြင့်တက်သွားတာကို အကြောင်းပြုလို့ မြို့တော် ဆန်နားမှာ ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ခဲ့ပြီးနောက် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေတာပါ။

More News
Up