DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ
DVB
·
September 22, 2014
တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ
Donate to DVB

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို စိစစ်ခဲ့ရာ ဆေးဝါး ၅ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမဝင်ဆေးဝါးတွေ ဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေကို ဝယ်ယူသုံးစွဲတာ မပြုကြဖို့နဲ့ မှတ်ပုံတင်ရရှိထားတဲ့ ဆေးဝါးတွေကိုလည်း ဆရာဝန် ညွှန်ကြားချက်နဲ့ ဝယ်ယူ သုံးစွဲကြဖို့ အသိပေး ကြေညာထားပါတယ်။

ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှုဆောင်ရွက်ပေးသူတွေ အနေတဲ့ မိမိတို့ သုံးစွဲနေတဲ့ ဆေးဝါးနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် တစုံတရာ ရှိပါက သတင်းပေးပို့ အကြောင်းကြားဖို့လည်း ကြေညာချက်က ဆိုပါတယ်။

မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေ၊ ဆေးဝါးအတုနဲ့ စံမညီဆေးဝါးတွေ တင်သွင်းဖြန့်ဖြူးရောင်းချတာ လုံးဝ မပြုလုပ်ဖို့နဲ့ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ (၁၈)အရ တရားစွဲဆို အရေးယူမယ်လို့ အသိပေးထားပါတယ်။

မသုံးစွဲရန် ကြေညာထားသည့် ဆေးဝါး ၅ မျိုး

10495986_708359505923606_5058550240650351049_o

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013