DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် လူကုန်ကူးဂိုဏ်း ဖမ်းဆီးရမိ
DVB
·
September 22, 2014
မဲဆောက်တွင် လူကုန်ကူးဂိုဏ်း ဖမ်းဆီးရမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မှာ လူကုန်ကူးဂိုဏ်းအဖွဲ့ဝင် ထိုင်းနိုင်ငံသား ၈ ဦးနဲ့ တရားမ၀င်နေထိုင်သူ မြန်မာနိုင်ငံသား ၇၅ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_65628" align="alignright" width="300"]ဖမ်းဆီးမိ မြန်မာနိုင်ငံသားများ (ဓာတ်ပုံ -manager online) ဖမ်းဆီးမိ မြန်မာနိုင်ငံသားများ (ဓာတ်ပုံ -manager online)[/caption]

စက်တင်ဘာ ၂၁ ရက်နေ့က ထာ့ဆိုင်လုတ်ရပ် ကွက် သောင်ရင်းမြစ် ကမ်းနားမှာ မသင်္ကာဖွယ် နစ်ဆန်ဟိုင်းလပ်ကား အနက်ရောင်တစီး လာရပ်ထားကြောင်း သတင်းပေး ပို့ချက်ရပြီးတဲ့နောက် တာဝန်ကျထိုင်း ရဲတပ်ဖွဲ့ဝင်တွေက အဲဒီကား ကို နောက်ယောက်ခံပြီး ဖမ်းဆီးခဲ့တာလို့ တာ့ခ်ခရိုင်ရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က သတင်းထောက်တွေကို ပြောပါတယ်။

စုံစမ်းချက်အရ အဲဒီကားဟာ တဘက်နိုင်ငံက တရားမ၀င် ၀င်လာသူတွေကို လာကြိုလေ့ရှိပြီး မဲဆောက်မြို့  မယ်ပရပ်ကွက် အိမ်အမှတ် ၈၁ / ၂ ကနေ ထိုင်းနိုင်ငံ အတွင်းပိုင်းဘက် ဆက်လက်ပို့ဆောင်ပေးတယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ ထိုင်းအမျိုးသား ၈ ဦးကို တရားမ၀င်သူတွေကို လက်ခံထားရှိမှု၊ အားပေးကူညီမှုတွေနဲ့ ဆက်လက်အရေးယူသွားမယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ဒါ့အပြင် အဲဒီအိမ်မှာ ၀င်ရောက်တည်းခိုနေတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးကိုလည်း ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူသွားမယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013