အက်စရဖ် ဂန်နီကို အာဖဂန်သမ္မတအဖြစ် ရွေးချယ်

948
အာဖဂန် နစ္စတန်မှာ အာဏာခွဲဝေရေး သဘောတူညီချက်ရရှိသွားတဲ့နောက် ဘဏ္ဍာရေးဝန်ကြီးဟောင်း အက်စရဖ် ဂန်နီ ကို သမ္မတအဖြစ် ရွေးချယ်လိုက်ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲ အငြင်းပွားမှုတွေ လနဲ့ချီ အဖြေမထွက်ခဲ့ဘဲ တိုင်းပြည် မတည်မငြိမ် ဖြစ်မယ့် အခြေအနေကနေ လွန်မြောက်သွားပါပြီ၊
[caption id="attachment_65611" align="alignright" width="300"]
အက်စရဖ် ဂန်နီ[/caption]
လွတ်လပ် တဲ့ ရွေးကောက် ပွဲ ကော်မရှင်ရဲ့ ဥက္ကဋ္ဌ အာမတ် ယူဆွတ် နူရီစတန်နီ က ဒေါက်တာ အက်စရဖ် ဂန်နီကို သမ္မတ အဖြစ် တရားဝင်ကြေ ညာပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေ ကိုတော့ နောက် ပိုင်းကျမှ ကြေညာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောပေမယ့် ဘယ်တော့ဆိုတာကိုတော့အတိအကျ မပြောပါဘူး။
ဒါ့အပြင် ဇွန်လ ၁၄ ရက်နေ့ သမ္မတ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ရှိတယ်ဆိုတာရော၊ ကုလသမဂ္ဂက ဦးစီးဆောင်ရွက်ပေးတဲ့ မဲတွေ ပြန်လည်ရေတွက်တဲ့ အစီအစဉ်က ပြဿ နာတွေကို အပြည့်အ၀ မဖြေရှင်းနိုင်ခဲ့ဘူးဆိုတာကိုလည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အသိအမှတ်ပြု ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ အကျိုးကို ရှေးရှုပြီး နိုင်ငံရေး သဘောတူညီချက်အရ ရွေးကောက်ပွဲရလဒ်ကို လက်ခံလိုက်တယ်လို့ ပြိုင်ဘက် သမ္မတလောင်း အပ်ဗဒူလာရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ညှိနှိုင်းပေးတဲ့အတိုင်း ပြိုင်ဘက်သမ္မတလောင်း နှစ်ယောက်ကြားမှာ အာဏာခွဲဝေရေး သဘောတူညီချက်ကို စက်တင်ဘာ ၂၁ ရက်နေ့မှာ လက်မှတ်ထိုးနိုင်ခဲ့တာပါ။
အာဖဂန် ပြည်သူတွေကလည်း နောက်ဆုံး ရလဒ်ကို ကြိုဆိုလိုက်ပြီး တိုင်းပြည် အနာဂတ် ပိုကောင်းဖို့ မျှော်လင့်နေကြပါတယ်။
