ဧရာဝတီတိုင်းတွင် လူဇင်ဘတ် ကုမ္ပဏီ ရေနံ၊ သဘာဝ ရှာဖွေတူးဖော်ရေး လုပ်ကိုင်မည်
Published By
DVB | 21 September, 2014
1K
0
Share
0
Comment
0
Likes

ဧရာဝတီတိုင်း မြင်သာဒေသ MOGE4 ကုန်းတွင်းလုပ်ကွက်မှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စွမ်းအင်ဝန်ကြီးဌာန၊ လူဇင်ဘတ်နိုင်ငံ CAOG ကုမ္ပဏီ၊ မြန်မာနိုင်ငံသားပိုင် Apex Geo Services တို့ စက်တင်ဘာ ၁၇ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။
လက်မှတ်ရေးထိုးပြီးနောက် လူဇင်ဘတ်နဲ့ မြန်မာနိုင်ငံသား ကုမ္ပဏီတွေဟာ သက်ဆိုင်ရာ ဒေသမှာ ပါတ်ဝန်းကျင် ထိခိုက်မှုနဲ့ လူမှုရေး ထိခိုက်မှု ဆန်းစစ်လေ့လာခြင်း လုပ်ငန်း (EIA/SIA) လုပ်ရမှာဖြစ်ပါတယ်။
လုပ်ငန်းစတင် ဆောင်ရွက်နေစဉ် ကာလမှာလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို တိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်မှာ ထည့်သွင်းထားပါတယ်။ အခုစာချုပ် ချုပ်ဆိုမှုကနေ စွမ်းအင်ဝန်ကြီးဌာနဟာ လက်မှတ်ထိုးခ အမေရိကန် ဒေါ်လာ ၂ သန်း ရရှိမယ် ဖြစ်ပါတယ်။