Home
စီးပွားရေး
သီလ၀ါရှယ်ယာ ရောင်းဝယ်နိုင်သည့် အိုတီစီကောင်တာ ဖွင့်မည်
DVB
·
September 21, 2014
[caption id="attachment_47770" align="alignright" width="300"]သီလ၀ါ အထူးစီးပွားရေးဇုန် သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]မြန်မာနိုင်ငံမှာ အစုရှယ်ယာရောင်းဝယ်နိုင်တဲ့ စတော့အိပ်ချိန်း ဈေးကွက် မပေါ်ပေါက်ခင် စပ်ကြား သီလ၀ါ အထူးစီးပွားရေးဇုန် ရှယ်ယာတွေ သီးသန့် ရောင်းနိုင်၊ ၀ယ်နိုင်တဲ့ Over The Counter (OTC) ကောင်တာ တခု အခုနှစ်အတွင်း ဖွင့်ပေးသွားမယ်လို့ အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။ ဒီကောင်တာကို အများပြည်သူ စုံစမ်းရ လွယ်ကူတဲ့ နေရာမှာ ဖွင့်လှစ်ဖို့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ သီလ၀ါ အထူးစီးပွားရေးဇုန်ရဲ့ အစုရှယ်ယာတွေကို ရောင်းချပေးမယ်လို့ ခေါ်ယူစဉ်က ၀ယ်ယူဖို့ အဆိုပြုသူ ၂ ဆ ကျော် များလွန်းတာကြောင့် အစု ၅၀၀ အထက် ၀ယ်ယူသူတွေကို အချိုးကျ စနစ်နဲ့ပဲ ရောင်းချပေးခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်မှာ ဂျပန်၊ အမေရိကန်၊ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင် စတဲ့ နိုင်ငံတွေက ကုမ္ပဏီ ၁၈ ခု ၀င်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ အဆိုပြုထားပြီးဖြစ်ကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024