ရုရှား စေလွှတ်သည့် တတိယအသုတ် အကူအညီပေးရေးယာဉ်တန်း ယူကရိန်းကို ဆိုက်ရောက်

ရုရှားနိုင်ငံက လွှတ်လိုက်တဲ့ တတိယအသုတ် အကူအညီပေးရေး ယာဉ်တန်းဟာ ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒွန်းညက်မြို့ကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဆိုက်ရောက်သွားပါတယ်။ russianconvoyukraine_reutersကားစီးရေ ၂၀၀ ၀န်းကျင် ပါပြီး စည်သွပ်ရိက္ခာတွေ၊ မီးစက်တွေ၊ ဆေးဝါးတွေ၊ အနွေးထည်တွေနဲ့ ရေသန့်ဘူးတွေ တန် ၂၀၀၀ ၀န်းကျင် တင်သွားပါတယ်။ ကားပေါ်မှာ ၀င်စစ်ဖို့ ရုရှားဘက်က ယူကရိန်း နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့တွေကို ကမ်းလှမ်းခဲ့ပေမ့ယ် ယူကရိန်း ဘက်က အကြောင်းပြချက်မပေးဘဲ အရေးတယူ မရှိခဲ့ဘူးလို့ ရုရှားဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ နဲ့ သြဂုတ်လ ၂၂ ရက်နေ့တို့မှာလည်း ရုရှားက လူသားချင်း စာနာမှု အကူအညီဆိုပြီး ယူကရိန်း အရှေ့ပိုင်းကပဲ လူ့ဟန့်ခ် မြို့ဆီကို ယာဉ်တန်းတွေ စေလွှတ်ခဲ့ပါသေးတယ်။ အခုအထိ စစ်မြေပြင် ဖြစ်နေတဲ့ လူ့ဟန့်ခ်မြို့ထဲကို ရုရှားအကူအညီ တန်ချိန် ၄၀၀၀ ၀န်းကျင် ပို့ထားပြီး ဖြစ်ပါတယ်။ ပထမ နှစ်ခေါက်စတလုံးမှာလည်း ယူကရိန်းက ယဉ်တန်းတွေကို အစစ်ဆေး မလုပ်ခဲ့ဘဲ ရုရှားက ကျူးကျော်တယ်လို့ပဲ စွပ်စွဲခဲ့တာပါ။ ရုရှားဘက်ကလည်း ယူကရိန်း အစိုးရဟာ အကူအညီတွေကို ကြန့်ကြာအောင် လုပ်နေတယ်လို့ ပြန်စွပ်စွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က ရုရှား အေ၇းပေါ် ကယ်ဆယ်ရေးအဖွဲ့ လက်ထောက်အကြီးအကဲ ဗလာဒီ စတီပင်နော့ဗ်က ယူကရိန်း အရှေ့ပိုင်း ဒေသထဲကို ရုရှားရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ထပ်ပို့သွားဦးမယ်လို့ ပြောထားပါတယ်။

More News
Up