DVB Logo
Home
Lead Story
၅၀၀၀ တန်အသစ်ကို ထိန်းပြီးထုတ်ရင် ငွေကြေးဖောင်းပွမှု မဖြစ်ပေါ်နိုင်ဟု စီးပွားရေးကျွမ်းကျင်သူများ ပြော
DVB
·
September 20, 2014
၅၀၀၀ တန်အသစ်ကို ထိန်းပြီးထုတ်ရင် ငွေကြေးဖောင်းပွမှု မဖြစ်ပေါ်နိုင်ဟု စီးပွားရေးကျွမ်းကျင်သူများ ပြော
Donate to DVB

Kyat 5000အစိုးရက ထပ်မံထုတ်ဝေမယ့် ၅၀၀၀ တန် အသစ်တွေဟာ ထိန်းပြီးတော့ထုတ်ရင် ငွေကြေးဖောင်းပွမှု မဖြစ်ပေါ်နိုင်ဘူးလို့ စီးပွားရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

အခုထုတ်တဲ့ ငွေစက္ကူ ၅၀၀၀ တန်တွေဟာ အသစ်ထုတ်တာမျိုးမဟုတ်ဘဲ ပုံစံပြောင်းထုတ်တာကြောင့် ထုတ်တဲ့အရေအတွက်ပေါ်မူတည်ပြီးတော့ ကုန်ဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှုရှိမှာလို့လည်း ပြောဆိုကြပါတယ်။ လတ်တလောမှာတော့ ကုန်ဈေးနှုန်း တက်သွားတာမျိုးတွေတော့ မရှိသေးပါဘူး။

ငွေစက္ကူ ၅၀၀၀ တန်တွေကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စပြီး ထုတ်ဝေခဲ့တာဖြစ်ပြီးတော့ အခု ၂၀၁၄ အောက်တိုဘာလ ၁ ရက်နေ့မှာ ပုံစံပြောင်း ထုတ်ဝေတာဖြစ်ပြီးတော့ ဒါဟာ အတုအပခွဲခြားသိစေဖို့အတွက်ဆိုပြီး ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ပုံစံပြောင်း ငွေစက္ကူ ၅၀၀၀ တန်တွေကို ဘယ်လောက်ထုတ်မယ်ဆိုတာတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013