ဆီရာလီယွန်တွင် အီဘိုလာရောဂါ ထိန်းချုပ်ရေး အိမ်ပြင်မထွက်ရ ၃ ရက်တာ သတ်မှတ်
Published By
DVB | 20 September, 2014
979
0
Share
0
Comment
0
Likes

ဆီရာလီယွန် နိုင်ငံမှာ အီဘိုလာ ရောဂါ ထိန်းချုပ်ရေးအတွက် သောကြာနေ့ကစလို့ သုံးရက်တာ အိမ်ထဲကနေ အိမ်ပြင်မထွက်ရ သတ်မှတ်ထားပါတယ်။ လူအသွားအလာတွေ ခြောက်ကပ်နေပြီး ကျန်းမာရေး လုပ်သားတွေကပဲ တအိမ်ဝင်ထွက် စစ်ဆေးမှုတွေ လုပ်နေပါတယ်။
ရေဒီယို လိုင်းတွေကလည်း အိမ်အပြင်မထွက်ကြဖို့ တိုက်တွန်းတဲ့ သီချင်းတွေကို ထပ်တလဲလဲ ဖွင့်ထားပါတယ်။
ကျန်းမာရေး လုပ်သား၊ စေတနာဝန်ထမ်း၊ ဆရာဆရာမ ဦးရေ ၃၀၀၀ ၀န်းကျင်ဟာ အိမ်တိုင်းစေ့ သွားပြီး ကျန်းမာရေး အသိပေးတာတွေ၊ လူနာတွေကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာတွေကို အသိပေးဖို့ ရှိပါတယ်။
ရဲကားတွေနဲ့ လူနာတင်ယာဉ်တွေဟာလည်း အသွားအလာ မရှိတဲ့ လမ်းမပေါ်မှာ အသင့်အနေအထားနဲ့ နေရာယူထားပါတယ်။ ဆီရာလီယွန်ရဲ့ အီဘိုလာ တိုက်ဖျက်ရေး လှုပ်ရှားမှုကို မေးခွန်းထုတ်နေတာ ရှိပါတယ်။
အီဘိုလာ ရောဂါဟာ အနောက်အာဖရိကမှာ လူပေါင်း ၅၃၀၀ ကျော်ကို ကူးစက်ခဲ့ပြီး ၂၆၃၀ သေဆုံးခဲ့ပါတယ်။