လေယာဉ် တိုးတက်လာပေမယ့် ခရီးသည် လိုက်ပါ မတိုးတက်

Myanmar Airway မြန်မာနိုင်ငံ ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေအနေနဲ့ ၃ နှစ်အတွင်း ပြေးဆွဲနေတဲ့ လေယာဉ် ၆၀ ရာခိုင်နှုန်းနီးပါး တိုးမြှင့် ၀ယ်ယူ အသုံးပြုခဲ့ပေမယ့် ခရီးသည် တိုးတက်ရရှိမှုကတော့ ၁၄ ရာခိုင်နှုန်းပဲ တိုးလာတယ်လို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်က ပြည်တွင်းလေကြောင်းလိုင်းတွေမှာ လေယာဉ် ၂၉ စင်းပဲ ရှိပြီး ၂၀၁၃- ၁၄ ခုနှစ်မှာတော့ ၄၆ စင်းအထိ တိုးတက်လာပါတယ်။ ခရီးသည်ရရှိမှုမှာတော့ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ ခရီးသည် ၁ သန်း ၅ သိန်းနီးပါး ရှိရာကနေ ၂၀၁၃-၁၄ ခုနှစ်မှာ ၁ သန်း ၇ သိန်းနီးပါး ပဲ တိုးတက်လာလို့ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ မြန်မာ့လေကြောင်း၊ အဲပုဂံ၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး၊ အဲကမ္ဘောဇ၊ အေးရှားဝင်း၊ ရွှေမြန်မာ၊ မန်းရတနာပုံနဲ့ အမ်အေအိုင် လေကြောင်းတွေ ပြေးဆွဲနေကြပါတယ်။

More News
Up