အမေရိကန်တွင် အမျိုးသားတဦး သမီးနှင့်မြေး ၆ ဦးလုံးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ
Published By
DVB | 19 September, 2014
1K
0
Share
0
Comment
0
Likes

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် အသက် ၅၁ နှစ်အရွယ် အမျိုးသားတဦးဟာ သူ့သမီးနဲ့ မြေး ၆ ဦးကို သေနတ်နဲ့ပစ်သတ်အပြီး သူ့ကိုယ်သူ သတ်သေမှု စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒွန်စပိရစ်လို့ အာဏာပိုင်တွေက သိထားတဲ့ သံသယရှိသူဟာ ၉၁၁ အရေးပေါ်ဖုန်းကို ခေါ်ခဲ့အပြီး အခင်းဖြစ်ရာကို ငြိမ်ဝပ်ပိပြားရေးအရာရှိတွေ ရောက်လာချိန်မှာ သူကိုယ်သူ သတ်သေခဲ့တာပါ။
သက်ဆိုင်ရာက အိမ်ကိုရှာဖွေရာမှာ အိမ်ထဲမှာ သေနတ်ဒဏ်ရာတွေကြောင့် သေပုံရတဲ့ အလောင်းတွေကို တွေ့ခဲ့တယ်လို့ ဂီလ်ခရစ်မြို့ ငြိမ်ဝပ်ပိပြားရေးအရာရှိက ပြောပါတယ်။
သံသယရှိသူ စပိရစ်ဟာ နယူးဂျာစီပြည်နယ်သား ဖြစ်ပြီး တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ရိုက်နှက်မှုနဲ့ ကလေးတယောက်ကို စားစရာနေစရာမပေးဘဲထားမှုတွေ အပါအဝင် ရာဇဝတ်မှုသမိုင်းကြောင်းတွေ အတွဲလိုက်ရှိသူ ဖြစ်ကြောင်း မှတ်တမ်းတွေက ဖော်ပြပါတယ်။
၂၀၀၁ ခုနှစ်တုန်းကလည်း ၈ နှစ်အရွယ် သူ့သားကို ပစ်သတ်ဖူးပြီး အမဲလိုက်တမ်း ကစားရာက မတော်တဆဖြစ်တာလို့ ဆုံးဖြတ်ကြောင်း အော်လန်ဒိုစန်တီနယ်လ်သတင်းစာက ဖော်ပြဖူးပါတယ်။