ပေါင် ၁၆၀၀၀ တန် နာရီ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဘရာဇီးလ်ကို ပြန်ပေးမည်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)ရဲ့ ဥက္ကဋ္ဌ ဂရက် ဒိုက် (Greg Dyke) က ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ပေးထားတဲ့ ပေါင် ၁၆၀၀၀ တန် နာရီကို ပြန်ပေးမယ်လို့ ပြောပါတယ်။ ကမာ့္ဘဖလားပြိုင်ပွဲမှာ ဘရာဇီလ်းဘောလုံးအဖွဲ့ချုပ်ကို ထောက်ပံပေးနေတဲ့ လုပ်ငန်းရှင်တွေ နဲ့ ကုမ္ပဏီတွေက ဖီဖာအမှုဆောင် အရာရှိ ၂၈ ဦး၊ တောင်အမေရိကက ဘောလုံးအဖွဲ့ဝင် ၅ ဦးနဲ့ တခြားအဖွဲ့အစည်းက ၃၂ ဦးကို အမှတ်တရ လက်ဆောင်တွေ ပေးခဲ့တာလည်း ဖြစ်ပါတယ်။ fifa-parmigiani-watch_3205679အထုပ်ထဲမှာ ပါတာတွေကို ပြန်ပေးဖို့ ကျနော်တို့ လုပ်ဆောင်နေသလို အထုပ်တွေက နဂို မူလအတိုင်း ရှိနေပါတယ်လို့ ဂရက်ဒိုက်က ပြောပါတယ်။ နာရီနဲ့ တခြားပစ္စည်းတွေကို လှူဖို့ ရည်ရွယ်ခဲ့သေးတယ်လို့ သူက ဆိုပါတယ်။ ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ္တလာကလည်း လက်ခံရရှိတဲ့ စာရင်းမှာ ပါပေမယ့် ပြန်ပေး၊ မပေး မသိရသေးသလို ဥရောပဘောလုံးအဖွဲချုပ်ဥက္ကဋ္ဌ မီရှယ် ပလာတီနီ (Michel Platini)ကတော့ ပြန်ပေးမယ်လို့ ဆိုပါတယ်။ ဖီဖာ ကျင့်ဝတ်ကော်မတီ ကတော့ ဘရာဇီလ်းဘောလုံးအဖွဲ့ချုပ်က နာရီတွေကို မပေးသင့်သလို လက်ဆောင်ကို လက်ခံရတဲ့ သူတွေကလည်း အထဲက ပါတဲ့ ပစ္စည်းတွေက သင့်တော်မတော်၊ ပြန်ပေးဖို့ လိုမလို၊ အဖွဲ့ကို သတင်းပို့သင့်၊ မပို့သင့် လုပ်ဖို့အတွက် စစ်ဆေးသင့်တယ်လို့ ထုတ်ပြန်ပါတယ်။ ဖီဖာရဲ့ကျင့်ဝတ်တွေအရ ဒီလက်ဆောင်တွေကို လက်ခံဖို့ တားမြစ်ထားသလို အရာရှိတွေအနေနဲ့ အဖိုးတန်လက်ဆောင်တွေကို လက်မခံသင့်ဘူးလို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကတော့ ပေါင် ၅၃၀၀ ကျော်တန် နာရီကို ပေးခဲ့တာ ဖြစ်ပေမယ့် ကျင့်ဝတ်ကော်မတီ တွက်ချက်မှုအရ ပေါင် ၁၆၀၀၀ ထောင်ကျော် တန်နေတယ်လို့ ပြောပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့ မတိုင်မီပြန်ပေးရင်တော့ စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ကော်မတီက ပြောပါတယ်။

More News
Up