မန္တလေးနားမကြားကျောင်း ၃၃ နှစ် ပြည့် နှစ်ပတ်လည် ကျင်းပ






819
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှာ ဖွင့်လှစ်ထားတဲ့ မန္တလေးမြို့ နားမကြားသောကလေးများကျောင်း ၃၃ နှစ် ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းနဲ့ တာဝန်ရှိသူတွေ တက်ရောက် ဖွင့်လှစ်ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနမှာ အထက်မြန်မာပြည် အကြားအာရုံ မသန်စွမ်းသူတွေအတွက် ပညာသင်ကြားနိုင်ဖို့ ၁၉၈၁ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
(သတင်းဓာတ်ပုံ - စိုးထိုက်ကျော်)
[gallery ids="65407,65408,65409,65410,65411,65412"]