ကျပ် ၅၀၀၀ တန် အသစ် ထုတ်ဝေမည်
Published By
DVB | 19 September, 2014
4.9K
0
Share
0
Comment
0
Likes

အတုအပလုပ်တာကနေ ကာကွယ်ဖို့အတွက် လုံခြုံရေးကြိုးပုံစံသစ်၊ ရေစာအသစ်နဲ့ ၅၀၀၀ တန်တွေကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။
အဲဒီ လုံခြုံရေးကြိုးအသစ်ဟာ အရင်ကြိုးထက် အရွယ်အစား ပိုကြီးပြီး အရောင်လည်း ရွှေဝါရောင်ကနေ အစိမ်းရောင်ကို ပြောင်းလဲနိုင်ပါတယ်။
ဒီလို ၅၀၀၀ တန်အသစ်တွေ ထုတ်ဝေပေမယ့်လည်း လက်ရှိ သုံးစွဲနေတဲ့ ၅၀၀၀ တန် ငွေစက္ကူတွေကိုလည်း တရားဝင် ဆက်လက်သုံးစွဲခွင့်ရှိမှာ ဖြစ်တယ်လို့လည်း ဗဟိုဘဏ်က ထုတ်ပြန် ထားပါတယ်။