DVB Logo
Home
မြန်မာသတင်း
အမျိုသားရင်ကြားစေ့ရေး မမေ့ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
September 18, 2014
အမျိုသားရင်ကြားစေ့ရေး မမေ့ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
1 / 10
Donate to DVB

တိုင်းရင်းသားတွေအနေနဲ့ လူမျိုးမရွေး၊ ဘာသာမရွေး နေရာ ဒေသမရွေးဘဲ တယောက်နဲ့ ယောက် အပြန်အလှန် နားလည်ပြီး ကူညီရိုင်းပင်းတဲ့စိတ်ဖြစ်တဲ့ အမျိုသားရင်ကြားစေ့ရေးစိတ်ကို မွေးကြဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အမျိုးသားရင်ကြာစေ့ရေးကို မမေ့ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က  ကရင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူ့လွတ်တော်မှာ ဒီကနေ့  တွေ့ဆုံစဉ် တိုက်တွန်းပြောလိုက်တာ ဖြစ်ပါတယ်။

“အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကျမတို့ တိုင်းရင်းသားတွေ၊ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြောရမယ်ဆိုရင် ပြည်ထောင်စုသားအားလုံး လူမျိုးမရွေး၊ ကိုးကွယ်တဲ့ ဘာသာမရွေး၊ ပြောဆိုတဲ့ ဘာသာစကားမရွေး ကိုယ်မွေးဖွားလာတဲ့ နေရာဒေသမရွေး အားလုံးဟာ တယောက်နဲ့တယောက် နားလည်မှု ရှိပြီးတော့ တယောက်နဲ့တယောက် လေးစားပြီး အပြန်အလှန် ကူညီရိုင်းပင်းချင်တဲ့ စိတ်တွေ မွေးကြပါလို့ ပြောချင်ပါတယ်။”

အန်အယ်လ်ဒီပါတီဟာ တိုင်းရင်သားပြည်ထောင်စုပါတီ ဖြစ်တဲ့အကြောင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည်က ခုလို  ပြောကြားသွားခဲ့ပါတယ်။

“ရေးကောက်ပွဲဆိုတာ နိုင်ငံရေးအရ ဒီမိုကရေစီ လိုချင်လို့ရှိရင် မဖြစ်မနေ ဖြတ်သန်းရမယ့် ကိစ္စတခု ဖြစ်ပါတယ်။ ဒီတခုတည်း ရှိရုံနဲ့ ဒီမိုကရေစီရတာ မဟုတ်ပါဘူး။ ဒါပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မရှိဘဲနဲ့ ဒီမိုကရေစီမရှိနိုင်ဘူး။ ဒါရှိရုံနဲ့လည်း မပြီးဘူး၊ တခြားလိုအပ်တာတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် ကျမတို့ အဖွဲ့ချုပ်ဝင်တွေက ဒီမိုကရေစီအခွင့်အရေးတွေကို လိုချင်တာနဲ့အမျှ ဒီမိုကရေစီတာဝန်တွေကို ကျေပွန်ဖို့ လိုတယ်လို့ ကျမတို့ ခဏခဏ ပြောပါတယ်။ ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေ ထိန်းသိမ်းနိုင်ဖို့၊ ရယူနိုင်ဖို့ ကိုယ်က တာဝန်ကျေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုပါတယ်။ အဖွဲ့ချုပ်က အားလုံး ကြိုးစားကြပါ။ ကြိုးစားပြီးတော့ ကျမတို့ ၂၀၁၅ ကို မှန်မှန်ကန်ကန် ဖြတ်သန်းသွားရင် ပြည်သူတွေ လိုချင်တဲ့ ပြည်ထောင်စုတခု တည်ဆောက်ရေးအတွက် အများကြီး အထောက်အကူဖြစ်ပါမယ်လို့ ကျမ ပြောချင်ပါတယ်။”

ကရင်ပြည်နယ် ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၂၆၀ လောက်ဟာ ပထမဆုံးအကြိမ် ပြည်သူ့လွှတ်တော်ကို သွားရောက်လေ့လာခဲ့တာဖြစ်ပြီး  ကရင်ပြည်နယ် အန်အယ်ဒီပါတီ ဥက္ကဋ္ဌလည်းဖြစ် ဗဟိုကော်မီတီအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်တော့ သူ့ပြည်နယ်က အဖွဲ့ဝင်တွေ လွှတ်တော်ကို လေ့လာရတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အဓိကအားဖြင့် ကျေးရွာကလူတွေဟာ ပြည်သူ့လွှတ်တော်ကို ကိုယ်တွေ့လည်း သွားပြီး လေ့လာလို့ရတယ်၊ ၀င်ထွက်လို့ရတယ်ဆိုတာ သိစေချင်တယ်။ ပြည်သူလွှတ်တော်ဆိုတာ အရင်တုန်းက ရွာကလူတွေက လွှတ်တော်ဆိုရင် သူတို့နဲ့ မဆိုင်ဘူးလို့ ထင်ကြတယ်။ အန်တီက ရွာကလူတွေပဲ ခေါ်တာ။ ဒေါ်စုနဲ့လည်း တွေ့ရတယ်။ နောက်ပြီးတော့ အခုသွားတာ၊ ကရင်တွေလည်းပါတယ်၊ မွန်တွေလည်း ပါတယ်။ ပအိုဝ်းလည်း ပါတယ်။ ၀တ်စုံလေးတွေ ပေးဝတ်ခိုင်းတော့ ကြည့်လိုက်ရင် စုံနေတာပေါ့။”

ဓာတ်ပုံ - ပိုင်စိုး

[gallery ids="65345,65346,65347,65348,65349,65350,65351,65352,65353,65354"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013