DVB Logo
Home
မြန်မာသတင်း
စက်တင်ဘာ ၁၉ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
September 18, 2014
စက်တင်ဘာ ၁၉ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

စက်တင်ဘာ ၁၈ ရက်နေ့မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ တောင်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။

Slide11စက်တင်ဘာ ၁၉ ရက်
မြန်မာ့ပင်လယ်ပြင် အခြေအနေ ကတော့ မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။

ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၆ ပေကနေ ၉ ပေလောက် မြင့်တက်နိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၄ ပေကနေ ၅ ပေလောက် မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်နိုင်မှုကတော့ တပြည်လုံးနီးပါးမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေဟာ သိသိသာသာကျဆင်းနိုင်ပါတယ်။

လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတန်ဖိုး ၁၁ အထက်ရှိနိုင်တာကတော့ ကော့သောင်းမြို့၊ ထားဝယ်မြို့၊ ဟားခါးမြို့၊ လားရှိုးမြို့နဲ့ မြိတ်မြို့တို ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တဲ့ ကော့သောင်းမြို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တန်ဖိုး ၁၃.၈ ကျရောက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အနိမ့်ဆုံးကျရောက်နိုင်တဲ့ နေပြည်တော်မှာ အညွှန်းကိန်းတန်ဖိုး ကတော့ ၃.၉ ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်းတန်ဖိုးတွေက လွန်ကဲအဆင့်အောက်ကို ကျရောက်နိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဖြစ်တဲ့ တနင်္သာရီတိုင်း တို့မှာ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုးရွာဖို့ သေချာမှုအနေနဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နဲ့ မွန်ပြည်နယ်ဒေသတို့မှာ ၂၄ နာရီအတွင်းမိုးရေချိန် ၂၀ မီလီမီတာကနေ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။

မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန်၂၇ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန်၂၇ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013