DVB Logo
Home
မြန်မာသတင်း
မြ၀တီတွင် ဗုံးဆက်တိုက်တွေ့ရှိမှုကြောင့် ထိုင်းဘက်ခြမ်းတွင် လုံခြုံရေးတိုးမြှင့်
DVB
·
September 18, 2014
မြ၀တီတွင် ဗုံးဆက်တိုက်တွေ့ရှိမှုကြောင့် ထိုင်းဘက်ခြမ်းတွင် လုံခြုံရေးတိုးမြှင့်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှာ ဗုံးတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက် တွေ့နေတာကြောင့် ထိုင်းဘက်မှာလည်း လုံခြုံရေး တိုးမြှင့်ချထားပါတယ်။

အခု ရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် မြဝတီဘက်ချမ်းမှာ ဗုံးတွေ မကြာခဏ တွေ့ရှိနေတာကြောင့် ထိုင်းဘက်မှာလည်း စက်တင်ဘာ ၁၇ ရက်နေ့ ညကစပြီး လုံခြုံရေး အင်အားတိုးမြှင့်ချထားပါတယ်။

[caption id="attachment_65096" align="alignright" width="300"]စက်တင်ဘာလ ၁၆ ရက်နေ့က မြ၀တီမြို့ စီးပွားရေးဘဏ်အနီးတွင် တွေ့ရသည့် ချိန်ကိုက်ဗုံး စက်တင်ဘာလ ၁၆ ရက်နေ့က မြ၀တီမြို့ စီးပွားရေးဘဏ်အနီးတွင် တွေ့ရသည့် ချိန်ကိုက်ဗုံး[/caption]ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနားက စပြီး မဲဆောက်မြို့ထဲကို သွားတဲ့လမ်းမှာ ကားတွေနဲ့ ဆိုင်ကယ်တွေကိုလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

စစ်တပ်နဲ့ ရဲ စတဲ့ အဖွဲ့ပေါင်းစုံက လုံခြုံရေးအင်အား ၁၀၀ လောက်ချထားပြီး လုံခြုံရေးချထားတဲ့ကာလ ၁ လ လောက်ကြာမြင့်မယ်လို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

မြန်မာဘက်တံတားရှေ့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ မနက်က အချိန်ကိုက် ဗုံးတလုံး တွေ့ရှိခဲ့ပြီး သင်္ကန်းညီနောင် အခြေစိုက် ဗျုဟာမှူးက ဦးစီးပြီး စစ်မြေပြင် အင်ဂျင်နီယာတပ်ကနေ လာရောက် ရှင်းလင်းခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ မနက်မှာလည်း မြ၀တီမြို့နယ် တရားရုံးရှေ့မှာ နောက်ထပ် ဗုံးတလုံး ထပ်မံ တွေ့ရှိခဲ့တာပါ။ ဒါကြောင့်လည်း ထိုင်းဘက်ခြမ်းမှာ လုံခြုံရေး တိုးမြှင့်ချထားပြီး သွားလာနေတဲ့ သူတွေကို စစ်ဆေးရှားဖွေမှုတွေ ပြုလုပ်လာနေတာဖြစ်ပါတယ်။

မြန်မာဘက်ခြမ်းက ချစ်ကြည်ရေးတံတားအောက်မှာလည်း နယ်ခြားစောင့်တပ်နယ် ၃ က လုံခြုံရေး ယူထားပြီး မြန်မာ့တပ်မတော်ကလည်း လုံခြုံရေး အင်အားဖြည့်ဆည်းတာတွေ လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013