DVB Logo
Home
မြန်မာသတင်း
ကရင်ငြိမ်းချမ်းရေးကောင်စီက အစိုးရတပ်ကို ယူနီဖောင်းဝတ်မသွားရန် တန်ပြန်ထုတ်ပြန်
DVB
·
September 17, 2014
ကရင်ငြိမ်းချမ်းရေးကောင်စီက အစိုးရတပ်ကို ယူနီဖောင်းဝတ်မသွားရန် တန်ပြန်ထုတ်ပြန်
Donate to DVB

အစိုးရစစ်တပ်တွေအနေနဲ့ ယူနီးဖောင်းဝတ်စုံနဲ့ လက်နက်တွေကိုင်ဆောင်ပြီး မသွား လာဖို့ အစိုးရ နဲ့ ငြိမ်းချမ်း ရေးယူထားတဲ့  ကေအန်ယူ ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ က  တန်ပြန်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

KNU-KNLA PCအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားတဲ့ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLAPeaceCouncil)နဲ့   ကလို့ထူးဘောကရင်အစည်းအရုံး(KKO)တို့အနေနဲ့  ယူနီဖောင်းဝတ်စုံနဲ့တကွ လက်နက်ကိုင်ပြီး သွားလာခြင်းမပြုဖို့ မြ၀တီမြို့ အခြေစိုက် အစိုးရတပ်က စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ချက်ထုတ် သတင်းပေးတားမြစ်ခဲ့ပါတယ်။

ဒါကိုတုံ့ပြန်တဲ့အနေနဲ့  ကေအန်ယူ၊ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီက လည်း တန်ပြန် တားမြစ်ချက်ထုတ်ပြန်လိုက်တာလို့ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်က စောမင်းဝေက ပြောပါတယ်။

“အဓိက အကြောင်းကတော့ သူတို့က ကျနော်တို့ကို လက်နက်ကိုင် မသွားရဘူး၊ ၀တ်စုံ ၀တ်မသွားရဘူး။ အဲဒီအပေါ်မှာ ကျနော်တို့ကလည်း ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ မြန်မာအစိုးရ စစ်သားတွေကလည်း လက်နက်ကိုင်ဆောင်မသွားရဘူး၊ ယူနီဖောင်းမ၀တ်ရဘူးဆိုပြီး တန်ပြန်ပြီး ထုတ်တာပါ။”

ဒီလ ၁၄ ရက်နေ့ ထုတ်ပြန်သတင်းပေးတဲ့ အစိုးရတပ်ရဲ့ စာမှာတော့  ဒီကေဘီအေနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတို့အနေနဲ့ ဒီနေ့မှစပြီး မြို့တွင်း၊ မြို့ပြင်သွားလာမှုများကို ယူနီဖောင်းဝတ်၊ လက်နက်ကိုင်ဆောင်သွားလာမှု လုံးဝလုံးဝ မပြုလုပ်ဖို့ အပြင်အထန်တားမြစ်ကြောင်းနဲ့ အရေးကြီးကိစ္စဖြင့် မဖြစ်မနေသွား လာရမည်ဆိုရင် သက်ဆိုင်ရာ ဆက်ဆံရေးရုံးက တဆင့် ရှေ့တန်းရုံး (မြ၀တီ)သို့ ဦးစီးခေါင်းဆောင်၊  အင်အား၊ ယာဉ်အမျိုးအစား၊ အရေအတွက် လက်နက်အမျိုး အစား အရေအတွက်တို့ကို ကြိုတင်အကြောင်းကြားခွင့်ပြုချက်ယူရမည်လို့ ပါရှိပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့် ၂၂ ရက်နေ့မှာ ကျင်းပ မယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေး သွား မယ်လို့လည်း ပြောပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊   KNU/KNLA  PC ၊ KKO လက်အောက်ခံ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)နဲ့ ABSDF ကျောင်းသား တပ်မတော် အစရှိတဲ့  ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေက  ဆက်ဆံရေးရုံးတွေ ထားရှိပြီး လှုပ်ရှားနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013