DVB Logo
Home
Lead Story
သစ်ခိုးမှုများကို ၀န်ကြီးဌာနအနေဖြင့် အပြည့်အ၀ မထိန်းချုပ်နိုင်ကြောင်း ၀န်ကြီးပြော
DVB
·
September 17, 2014
သစ်ခိုးမှုများကို ၀န်ကြီးဌာနအနေဖြင့် အပြည့်အ၀ မထိန်းချုပ်နိုင်ကြောင်း ၀န်ကြီးပြော
Donate to DVB

တည်ဆဲဥပဒေ၊ နည်းပဒေတွေနဲ့ စနစ်တကျအရေးယူရင် သစ်ခိုးမှုတွေ လျော့နည်းစေနိုင်ပေမယ့် ပြည်သူနဲ့ ဒေသအာဏာပိုင်တွေ ပါဝင်မှ အပြည့်အ၀ ထိန်းချုပ်နိုင်မယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက ပြောပါတယ်။

[caption id="attachment_65221" align="alignright" width="300"]ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း[/caption]ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သစ်မှောင်ခိုတွေကို ဘာကြောင့် မထိန်းချုပ်နိုင်ရတာလဲဆိုတဲ့ မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် ရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောခဲ့တာပါ။

သက်ဆိုင်ရာ နယ်မြေတွေမှာ ပုံမှန်ဖမ်းဆီးတာ၊ ရှောင်တခင် ဖမ်းဆီးတာ၊ တပ်မတော် စစ်ကြောင်းတွေ ရဲတွေနဲ့ ပူးပေါင်းဖမ်းဆီးတာအပြင် ၂၀၁၃ ခုနှစ်၊ သြဂုတ်ကစပြီး သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။

မင်းကင်း တမြို့နယ်ထဲမှာပဲ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၄ ဇွန်လအထိ ကျွန်း၊ သစ်မာနဲ့ တခြားသစ် တန်ပေါင်း ၁၁၀၀ ကျော် ဖမ်းမိခဲ့တယ်လို့လည်း ၀န်ကြီးက ဆက်ပြောပါတယ်။
ပုံ-၀န်ကြီး ဦးဝင်းထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013