DVB Logo
Home
မြန်မာသတင်း
တိုင်း ၃ တိုင်းနှင့် ပြည်နယ် ၃ ခု မိုးကြီးမည်
DVB
·
September 17, 2014
တိုင်း ၃ တိုင်းနှင့် ပြည်နယ် ၃ ခု မိုးကြီးမည်
Donate to DVB

10703968_848083205215738_1485545528427595222_nတောင်တရုတ်ပင်လယ်ပြင်က တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေကြောင့် ဒီကနေ စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းကနေ မနက်ဖြန် စက်တင်ဘာ ၁၈ ရက် ညနေ ပိုင်းအထိ ရှမ်းပြည်နယ် တနယ်လုံး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ပေါ်နိုင်တယ် လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မြစ်ကြီးတွေ ရေမြင့်တက်ဖို့ မရှိပေမယ့် ဒေသတွင်းရှိ မြစ်ငယ်ချောင်းငယ်တွေ ရုတ်တရက်ရေတက်လာတာမျိုးတွေလဲ ဖြစ်ပေါ်လာနိုင်တယ်။

တောင်ကုန်းတောင်တန်းတွေ တည်ရှိတဲ့ ရှမ်းပြည်နယ်မှာ မိုးကြီးပြီး မြေပြိုတာ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြုနေ ထိုင်ကြဖို့လည်း မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကတော့ မုန်တိုင်းငယ်အဖြစ် ရောက်မလာသေးဘဲ စောင့်ကြည့်နေတုန်းလို့ မိုးလေ၀သဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013