အစိုးရဘတ်ဂျက် အသုံးပြုမှု ကြီးကြပ်ရန် စနစ်သစ်တခု လို
Published By
DVB | 17 September, 2014
1.2K
0
Share
0
Comment
0
Likes

အစိုးရက ချပေးလိုက်တဲ့ ဘတ်ဂျက်တွေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ရာမှာ ခြစားတာတွေ များလွန်းလို့ ကြီးကြပ်ဖို့ စနစ်သစ်တခု တီထွင်ဖို့ လိုနေပြီလို့ အမျိုသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် တိုင်ဝကျေးရွာနဲ့ ကြက်မအိုင်ကျေးရွာအတွက် ဆောက်လုပ်ထား တဲ့ ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦတွေ အလွန်ဆိုးရွားနေတာကို ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးဆလိုင်းခွဲယန်က ဓာတ်ပုံ အထောက်အထားတွေနဲ့တကွ ရှင်းလင်း၊ မေးမြန်းမှုနဲ့ ဖြေဆိုမှုအပြီးမှာ သူက ခုလို မှတ်ချက်ပေးလိုက်တာပါ။
အစိုးရက ချပေးလိုက်တဲ့ ဘတ်ဂျက်တွေဟာ ပွဲဈေးတန်းထဲ ဆီးသီးဗန်း မှောက်သလို ဟိုလူတဆုပ် နှိုက်စား၊ ဒီလူ တဆုပ် နှိုက်စားနဲ့ တ၀က်လောက်ပဲ ကျန်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ဦးခင်အောင်မြင့်က ဝေဖန်ခဲ့ပါတယ်။