DVB Logo
Home
Lead Story
လ၀က်အတွင်း eVisa နှင့် လည်ပတ်သူပေါင်း ၄၀၀ ကျော်ရှိ
DVB
·
September 17, 2014
လ၀က်အတွင်း eVisa နှင့် လည်ပတ်သူပေါင်း ၄၀၀ ကျော်ရှိ
Donate to DVB

e Visa နဲ့ မြန်မာပြည်ဝင်ရောက်ဖို့ ခွင့်ပြုခဲ့တဲ့ လ၀က်အတွင်း မြန်မာပြည်ကို အဲ့ဒီဗီဇာနဲ့ လာရောက်လည်ပတ်သူပေါင်း ၄၀၀ ကျော် ရှိသွားပြီလို့ ရန်ကုန်လေဆိပ် လူဝင်မှု ကြီးကြပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သီဟက ဒီဗွီဘီကို ပြောပါတယ်။

eVisaစက်တင်ဘာ ၁ ရက်က စတင်ခွင့်ပြုခဲ့တဲ့ အီးဗီဇာနဲ့ မြန်မာပြည်ကို လာလည်ကြသူတွေထဲမှာ အမေရိကန်နိုင်ငံသားက ပထမအများဆုံးဖြစ်ပြီး ဂျာမန်က ဒုတိယနဲ့ သြတြေလျက တတိယ ၀င်ရောက်လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်လေဆိပ်ကနေ မြန်မာပြည်ကို တရက်တရက် ၀င်ရောက်လာတဲ့ နိုင်ငံခြားသားခရီးသည် ၂၅၀၀ နဲ့ ၂၈၀၀ ကြားရှိပြီး တိုးရစ်ဗီဇာနဲ့ ၀င်လည်သူက အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

အီးဗီဇာနဲ့ ၀င်ရောက်လည်ပတ်ခွင့်ကို လောလောဆယ် ရန်ကုန်လေဆိပ်တခုထဲကပဲ ၀င်ခွင့်ပြုထားတာဖြစ်ပြီး နောက်ပိုင်းမှာ မန္တလေးနဲ့ နေပြည်တော်လေဆိပ်တို့က ၀င်ခွင့်ပြုမယ်လို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။

လတ်တလောမှာ နိုင်ငံပေါင်း ၄၃ နိုင်ငံကို အီးဗီဇာခွင့်ပြုပေးထားပြီး ဒီနှစ်ဇန်န၀ါရီကနေ ကြဂုတ်လကုန်အထိ ဗီဇာအမျိုးမျိုးနဲ့ မြန်မာပြည်ကို လာရောက်လည်ပတ်သူပေါင်း ၁ ဒသမ ၈ သန်း ရှိပြီလို့ ဟိုတယ်ခရီးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013