DVB Logo
Home
မှုခင်း/မူးယစ်ဆေး
စစ်တွေတွင် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းမိ
DVB
·
September 17, 2014
စစ်တွေတွင် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းမိ
Donate to DVB

Arakan Bomb2စစ်တွေမြို့ မြို့ပေါ်ရပ်ကွက် တခုဖြစ်တဲ့ ကသည်းရပ်ကွပ် ဆိပ်ရိုးကျဆိပ်ခံတံတားအမှတ် ၁၉ မှာ ဆိုက်ကပ်ထားတဲ့ မင်းမင်း-၁ စက်လှေကို သတင်းအရရှာဖွေရာမှာ အမေရိကန်လုပ်လက်ပစ်ဗုံး ၂ လုံးကို ရှာဖွေသိမ်းဆည်းခဲ့ပြီး တရားခံလို့ ယူဆရတဲ့ ဦးကျော်တင် အသက် (၄၉) နှစ်ကို စစ်ဆေးနေပါတယ်။

နေအိမ်ကို ဆက်လက်ရှာဖွေရာ ယမ်းတောင့် ၂ တောင့်ကို ထပ်မံသိမ်းဆည်းရမိပြီး လက်နက်ဥပဒေပုဒ်မ ၁၉/ စ အရ အမှုဖွင့်ထားတယ်လို့ စစ်တွေမြို့ မြို့မရဲစခန်း ဒုရဲမှူး စောမြင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စစ်တွေမှာ ဆိုက်ကပ်ထားတဲ့ စက်လှေတစီးပေါ်ကနေ တွေ့လို့ ကောက်ယူသိမ်းဆည်းထားတာလို့ ဦးကျော်တင်က ဖြေဆိုတယ်ကြောင်း ဒုရဲမှုးစောမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013