ကျောင်းသူ မဖြူနှင်းထွေးကို ဖမ်းဆီးထားမှု ဗကသ အပြင်းအထန် ကန့်ကွက်
DVB
·
September 17, 2014
မန္တလးခရိုင်ကျောင်းသားသမဂ္ဂမှ မြန်မာစာဒုတိယနှစ်ကျောင်းသူ မဖြူနှင်းထွေးကို ဖမ်းဆီးထားမှု အပြင်းအထန်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်က ကြေညာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။
လက်ပံတောင်းဒေ သမှာ ဖြစ်ပွားခဲ့တဲ့ပြဿ နာအတွက် ရွာသား ၅ ဦးကို အမှုကျေအေးပြီးဖြစ်ပေမယ့် မကြာခင်စာမေး ပွဲဖြေဆိုရမယ့် မဖြူနှင်းထွေးကို အခုလို ဖမ်းဆီးလိုက်တာ ဟာ ကျောင်းသား အခွင့်အရေးကို များစွာ ထိခိုက်နစ်နာစေတာကြောင့် စွဲဆိုထားတဲ့ ပုဒ်မတွေကို ပယ်ဖျက်ပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။