DVB Logo
Home
မြန်မာသတင်း
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှု မြန်မာအလုပ်သမားများကို ခေါ်ယူစစ်ဆေးနေ
DVB
·
September 17, 2014
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှု မြန်မာအလုပ်သမားများကို ခေါ်ယူစစ်ဆေးနေ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်းက ကော့တောင် (Koh Tao) ကျွန်းမှာ ဗြိတိသျှလူမျိုး တိုးရစ် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အဲဒီ့ဒေသ အနီးတ၀ိုက်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေရဲ့ နေအိမ်တွေကို ထိုင်းရဲတွေက ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်သလို မြန်မာအလုပ်သမား တချို့ကိုလည်း ခေါ်ယူစစ်ဆေးမှုနေပါတယ်။

680726အနီးနားတ၀ိုက် ဟိုတယ်နဲ့ဘားတွေက ဖမ်းယူရရှိတဲ့ စီစီတီဗီ ကင်မရာမြင်ကွင်းတွေအရ အဲဒီ့အချိန်ပိုင်းလောက်မှာ အသွားအပြန် ၂ ခါဖြတ်သွားတဲ့ အာရှ အလုပ်သမားပုံစံ လူတယောက်ရဲ့ ပုံရိပ်ကို ထိုင်းရဲတွေက သံသယရှိသူအနေနဲ့ ထုတ်ပြန်ရှာဖွေနေပါတယ်။

ဗြိတိသျှလူမျိုး နှစ်ဦးဖြစ်တဲ့ David Miller ၂၄ နှစ်နဲ့ Hanah Witheridge ၂၃ နှစ်တို့ရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၁၅ ရက်နေ့က ကမ်းခြေနားမှာ တွေ့ရှိခဲ့ပြီး အသတ်ခံရတာလို့ ရဲက ယူဆနေပါတယ်။

အနီးအနားမှာလည်း သွေးစွန်းနေတဲ့ ပေါက်ပြားတလက်ကိုလည်း သိမ်းဆည်းမိခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနဲ့ မီတာ ၃၀၀ လောက်ဝေးတဲ့ Sai Ree ကမ်းခြေနားက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနေထိုင်တဲ့ အခန်း ၉ ခန်းကို ထိုင်းရဲတွေက ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာ အိုင်ဖုန်း ၄ လုံး (အပျက် ၂လုံး) ကို သိမ်းဆည်းခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီ့နောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ယောက်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး ၃ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံ ထိုင်းရဲမှူးက ပြောပါတယ်။

အစောပိုင်းက သေဆုံးသူနဲ့ အတူလာခဲ့တဲ့ နိုင်ငံခြားသား ခရီးသွားတွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ မသင်္ကာဖွယ်ဖြစ်သူရဲ့ ပုံရိပ်အရ အဲဒီ့ဒေသမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ အာရုံထား ရှာဖွေနေကြောင်း ရဲမှူးကပြောပါတယ်။

ထိုင်းဝန်ကြီး ဗို်လ်ချုပ်ကြီး ပရာရွတ်ချန်အိုချာကတော့ ဒီအမှုဟာ ထိုင်းခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်တာမို့ ရဲတပ်ဖွဲ့အနေနဲ့ တရားခံကို အမြန်ဆုံးဖော်ထုတ် အရေးယူသွားဖို့ အမိန့်ပေးထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်မှာရှိတဲ့ Koh Tao ကျွန်းဟာ နိုင်ငံခြားသား ခရီးသွားတွေ အလာများတဲ့နေရာတခုဖြစ်သလို မြန်မာရွှေ့ပြောင်း အလုပ်သမား အတော်များများလည်း အလုပ်လုပ်နေတဲ့ နေရာတခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013