DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရ
DVB
·
September 16, 2014
မလေးရှားတွင် မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရ
Donate to DVB

မလေရှားနိုင်ငံ ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသား ရခိုင်အမျိုးသား ၂ ဦး စက်တင်ဘာ ၁၄ ရက်နေ့က အသတ်ခံခဲ့ရပါတယ်။

bunအသတ်ခံရသူတွေ ကတော့ ကိုကျော်သာလှနဲ့ ကိုကျော်အေးလှိုင် တို့ ဖြစ်ပြီး သူတို့တွေဟာ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ရသေ့တောင် မှာ နေထိုင်သူတွေဖြစ် တယ်လို့ မြန် မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဌာန ဥက္ကဋ္ဌ ကိုလတ်က ပြောပါတယ်။

မလေးရှားက The Star Online သတင်းမှာတော့ ပီနန်ပြည်နယ် ပယ်မာတန် တင်ဂီမြို့လေးက ဂျာလန်ကမ်ပန် မန်ဂီစ် နယ်မြေရှိ ဆီအုန်းစိုက်ခင်းထဲမှာ မြန်မာနိုင်ငံသား ၂ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖော်ပြထားချက်အရ ရွာသားတယောက်က စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၈ နာရီမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး ချက်ချင်းပဲ ရဲကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၂ ယောက်လုံးဟာ အသက် ၃၀ အရွယ်တွေ ဖြစ်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထိုးသွင်းဒဏ်ရာ အများအပြားနဲ့ မျက်နှာတွေပေါ်မှာလည်း အစင်းရာ ကုတ်ခြစ်ရာတွေကို တွေ့ရတယ်လို့ ပြည်နယ် စီအိုင်ဒီအကြီးအကဲ အဆင့်မြင့်လက်ထောက် တပ်ဖွဲ့မှူး မာဇလန် ကီဆားက ပြောပါတယ်။

သူတို့တွေကို သတ်ဖြတ်ပြီးတော့မှ ဒီနေရာမှာ လာပစ်ထားတာလို့ ယူဆကြောင်းလည်း ပြောပါတယ်။ သေဆုံးသူထဲက တယောက်ဟာ အလုပ်လုပ်ခွင့် ပါမစ် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီလူ ၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ ရရှိရင် အနီးဆုံး ရဲစခန်းကို အကြောင်းကြားဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

မလေးရှားမြန်သံရုံးကလည်း မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းနေပြီး မြန်မာနိုင်ငံသား ဟုတ်မဟုတ် မသိရသေးဘူးလို့ အလုပ်သမား သံအရာရှိ ကိုမင်းမင်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသား ၅ ဦး  အကြမ်းဖက် တိုက်ခိုက်ခံခဲ့ ရပြီး ၄ ဦး သေဆုံးခဲ့ရတယ်လို့ ကပုန်း ၇ ရက်သားသမီး နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာတော့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ မလေးရှား လွှတ်တော်ထံ စာရေးတောင်းဆိုသွားမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားပါတယ်။

ဒါ့အပြင် ၂၀၁၂ ကနေ ၂၀၁၄ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၁၁ မှု၊ မလေးရှားရဲက ၁၀ မှု အပြန်အလှန် အကူအညီ တောင်းခံခဲ့ကြပြီး အဲဒီအထဲက ၁၀ မှုကို အပြန်အလှန် ကူညီနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013