DVB Logo
Home
မြန်မာသတင်း
ဉာဏ်ရည်မသန်စွမ်းသူများ လုပ်ငန်းခွင်ဝင်နိုင်ရေး မလေးရှား ကူညီမည်
DVB
·
September 16, 2014
ဉာဏ်ရည်မသန်စွမ်းသူများ လုပ်ငန်းခွင်ဝင်နိုင်ရေး မလေးရှား ကူညီမည်
1 / 4
Donate to DVB

မြန်မာနိုင်ငံက ဉာဏ်ရည်မသန်စွမ်း အော်တစ်ဇင် ဖြစ်နေသူတွေ အလုပ်ခွင် ၀င်ရောက်နိုင်ဖို့ မလေးရှားနိုင်ငံက အော်တစ်ဇင် ကုထုံးကျွမ်းကျင်သူတွေ လာရောက် ကူညီသွားမယ်လို့ သိရပါတယ်။

ဉာဏ်ရည်မသန်စွမ်းအမျိုးအစားတွေထဲမှာ ပါဝင်တဲ့ အော်တစ်ဇင်တွေအတွက်. အမေရိကန်၊ ဂျပန်နိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ   လေ့လာမှုတွေကို လုပ်ဆောင်နေကြတဲ့ အထဲမှာ မလေးရှားနိုင်ငံက အော်တစ်ဇင်အမျိုးအစားကို အပြင်းအထန် လုပ်ဆောင်မှု ပိုများပါတယ်။

[caption id="attachment_65104" align="alignleft" width="300"]ဦးမြတ်သူဝင်း ဦးမြတ်သူဝင်း[/caption]

ရွှေမင်းသားဖောင်ဒေး ရှင် ဥက္ကဋ္ဌဖြစ်တဲ့ ဦးမြတ်သူဝင်းကတော့ “အော်တစ်ဇင်တွေ ဒီကလေးတွေရဲ့ လုပ်ကိုင်အခွင့်အ လမ်းက မရှိလောက်အောင် ရှိတယ်လေ။ ဒါပေမယ့် အခုက တကယ့်ကို အထူးကောင်းမွန်တဲ့ အစီအစဉ် ဖြစ်တယ်။ အဲ့ဒါလေးကိုတော့ ကျနော် သူတို့ဆီ က ကောင်းကောင်း ယူနိုင်တော့မယ်လေ” လို့ ပြောပါတယ်။

ကုထုံးမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ  အော်တစ်ဇင် ဉာဏ်ရည်မသန်စွမ်း သားတယောက်ကို အသက် ၁၈ နှစ်အရွယ်ရောက်တဲ့ အခုထိ ဂရုစိုက်ခဲ့ရတယ်လို့ ဖခင်ဖြစ်သူ အဆိုတော်ဂျေညီညီက ပြောပါတယ်။

[caption id="attachment_65105" align="alignright" width="300"]ဦးဂျေညီညီ ဦးဂျေညီညီ[/caption]

“ဘာလို့လဲဆို ဘာမှ သူမသိဘူး။ သူ မီးပူတာလည်း မသိဘူး။ ဟို ပလပ်ပေါက်ထဲမှာ မီးလာနေတာနဲ့ မလာနေတာလည်း သူ မသိဘူး။ ကားဟွန်းတီးတာလည်း သူ နားမလည်ဘူး။ အခုချိန်ထိ ၁၈ နှစ် ရှိပြီး မျက်နှာသစ်ပေးရတယ်။ သွားတိုက်ပေးရတယ်။ အီးကုန်းပေးရတယ်။ ထမင်းကျွေးရတယ်။ အင်္ကျီ ဝတ်ပေးရတယ်။ နောက်ပြီးတော့လည်း ကျနော့်သား ဒီလိုမျိုး ဖြစ်နေတယ်ဆိုတဲ့ဥစ္စာကို ဘယ်တော့မှ မဖွက်ထားဘူး။ ကျနော် လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဒီကိစ္စတွေ လုပ်နေတာ။”

အော်တစ်ဇင်ရဲ့ အပြုအမူတွေက အခြားမသန်စွမ်း အမျိုးအစားတွေနဲ့ မတူတာကြောင့် ကျွမ်းကျင်သူတွေရဲ့ သင်ကြားမှုတွေ လိုအပ်နေတာပါ။

အပြင်းစားအော်တစ်ဇင်အမူအရာတွေက ကြမ်းတမ်းမှု ရှိပြီး ဘာမှ မသင်ယူနိုင်တဲ့သူတွေပါ။ ကျန်တဲ့ အပျော့စားနဲ့ အလတ်စားအော်တစ်ဇင်တွေက လက်ရှိ လုပ်ငန်းခွင်ဝင်ဖို့ သင်ယူနိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

[caption id="attachment_65106" align="alignleft" width="300"]ဒေါ်ငယ်ငယ်ထွေး ဒေါ်ငယ်ငယ်ထွေး[/caption]

Day Care က ဆရာမတဦးဖြစ် တဲ့ ဒေါ်ငယ်ငယ်ထွေး က “အော်တစ် ဇင်နေ့တွေမှာ လာ လာပြီး လုပ်နေတဲ့ကလေးတွေ ရှိတယ်။ အဲဒီကလေးတွေဆို ကလေးကြီးတွေပေါ့။ သူတို့ ပန်းချီလဲဆွဲနိုင်တယ်။ အဲဒီစွမ်းရည်ကို သူတို့ ရသွားပြီ ပန်းချီလည်း ဆွဲနိုင်တယ်။ အင်တာနက် ကြည့်နိုင်တယ်။ ဒီလို သင်ရင်း သင်ရင်း ဒီလိုထွင်ရင်းနဲ့ သွားရင်းနဲ့ အင်တာနက်ကြည့်နိုင်တယ်။ အင်္ဂလိပ်စာကို သူကောင်းကောင်း ပြောနိုင်တယ်။ အဲဒီလို ကလေးမျိုးတွေလည်း ရှိသလို အသက်ကြီးကြီးတွေ ဘာမှမလုပ်နိုင်တဲ့ကလေးတွေလည်း ရှိတာပေါ့” လို့ ရှင်းပြပါတယ်။

အဆိုတော် ဂျေညီညီက “ကိုယ့်သားမို့လို့ ကိုယ်ပြောတာ မဟုတ်ဘူး။ ဥာဏ်ရည်မသန်စွမ်းက တော်တော် ပြဿနာတက်နိုင်တယ်။ ဘာဖြစ်လို့ သူက သင်ထားပြီးလို့ရှိရင် သူဦးနှောက်ကိုက မှတ်နိုင်တဲ့ဉာဏ်ရည်က မသန်စွမ်းတာ။ အဲ့တော့ သူက သင်ရတာလည်း ခက်တယ်။ သင်ထားပြီးလို့ရှိရင်လည်း သူက အဲ့ဒါကို မှတ်ရတာလည်း သူက ခက်တယ်။ အဲ့တော့ အဲ့ပြဿနာရှိတော့ ကျနော်တို့ ခဲခဲယဉ်းယဉ်း လုပ်ကိုင်ပြီး ဆွေးနွေးရမယ်” လို့ ရှင်းပြပါတယ်။

လာမယ့် ၂၁ ရက်နေ့မှာ အော်တစ်ဇင်အသင်းအပါအဝင် အခြားမသန်စွမ်းအဖွဲ့ ၁၆ ဖွဲ့ ပါဝင်တဲ့ မသန်စွမ်းလုပ်ငန်းခွင်ဝင်ရောက်ရေးနဲ့ နည်းပြမွေးထုတ်ပေးရေး ညီလာခံတခု ပြုလုပ်ဖို့ ရှိပါတယ်။

အမေရိကန်အော်တစ်ဇင်အသင်းကြီးရဲ့ ၂၀၁၃ ခုနှစ်ထုတ်ပြန်ချက်မှာတော့ ကမ္ဘာမှာ အော်တစ်ဇင်ဖြစ်ပွားနေသူ ၆၇ သန်း ရှိလာပါတယ်။

မြန်မာနိုင်ငံမှာတော့ အော်တစ်ဇင်အရေအတွက် ၆ သိန်းနဲ့ ၇ သိန်းကြားမှာ ရှိနိုင်ကြောင်း မြန်မာအော်တစ်ဇင်အသင်းရဲ့ပြောပြချက်အရ သိရပါတယ်။

၂၀၁၄ လူဦးရေသန်ခေါင်စာရင်း ထွက်ပေါ်လာပေမယ့်  မသန်စွမ်းအရေအတွက်ကိုတော့ အကြမ်းဖျင်းစာရင်းတောင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013